The Time We Were Not in Love ဇာတ်ကားတွင် ပါ၀င် သရုပ်ဆောင်သွားမယ့် ဟာဂျီဝမ်း

The Time We Were Not in Love ဇာတ်ကားတွင် ပါ၀င် သရုပ်ဆောင်သွားမယ့် ဟာဂျီဝမ်း

ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား မင်းသမီးချော ဟာဂျီဝမ်းက SBS ရုပ်သံ၏ ဒရမ်ဇာတ်ကားသစ် The Time We Were Not in Love ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ရမည့် အိုဟာနာ ဇာတ်ကောင်စရိုက်သည် ယနေ့အထိ ၎င်းသရုပ်ဆောင်ခဲ့သော ဇာတ်လမ်းများတွင် လက်တွေ့အကျဆုံး ဇာတ်ကောင်စရိုက်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဟာဂျီဝမ်းက ပြောကြားခဲ့သည်။

ဟာဂျီဝမ်းသည် ရုပ်ရှင်ကားများနှင့် ဒရမ်မာကား အများအပြားတွင် သရုပ်ဆောင်ခဲ့ဖူးကြောင်းနှင့် ဂျိုဆောင် မင်းဆက်ခေတ်က အမျိုးသမီး စုံစမ်းစစ်ရေးမှူး ဇာတ်ကောင်စရိုက်၊ ယနေ့ခေတ် လက်ဝှေ့မယ် တစ်ဦး ဇာတ်ကောင်စရိုက်နှင့် များစွာသော ဇာတ်ကောင်စရိုက်များကို သရုပ်ဆောင်ခဲ့ဖူးသည်။

မကြာမီထုတ်လွှင့်ပြသမည့် အဆိုပါ ဒရမ်မာဇာတ်ကားတွင် ဟာဂျီဝမ်းသည် အချိန်အကြာမြင့်စွာ သိခဲ့သော သူငယ်ချင်းကို ချစ်ကြိုက်မိသည့် သာမာန်ရုံးဝန်ထမ်း တစ်ဦး ဇာတ်ကောင်စရိုက်နေရာမှ ပါဝင်သရုပ်ဆောင်ရမည် ဖြစ်သည်။

မင်းသား လီဂျီဝုခ်သည် ယင်းဇာတ်ကားတွင် ချိုဝမ်အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly