ဝန်ကြီးချုပ်အား တရားစွဲရန်အကြံပြုချက်ကို မလေးရှားရှေ့နေချုပ်က ပယ်ချခဲ့ဟုဆို

ဝန်ကြီးချုပ်အား တရားစွဲရန်အကြံပြုချက်ကို မလေးရှားရှေ့နေချုပ်က ပယ်ချခဲ့ဟုဆို

ကွာလာလမ်ပူ၊ ဇန်နဝါရီ-၂၈ ။            ။ ဒေါ်လာ သန်းပေါင်းများစွာ အရှုပ်တော်ပုံတွင် မည်သည့်မသမာမှုမျှ မကျူးလွန်ကြောင်း စွပ်စွဲချက်များကို ပယ်ချခဲ့သည့်အတွက် လူအများ မကျေမနပ် ဒေါသထွက်နေချိန်တွင် မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီက ဝန်ကြီးချုပ် နာဂျစ်ရာဇက်ကို ရာဇဝတ်မှုမြောက်သည့် မရိုးမသား ကိုယ်ကျိုးရှာမှုဖြင့် တရားစွဲသင့်ကြောင်း အကြံပြုခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ ကန်ဒေါ်လာ ၆၈၁သန်း လွှဲပြောင်းရောက်ရှိသွားမှု ပါဝင်ပတ်သက်နေသည့် အမှုအပေါ် မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင် (MACC)၏ အစီရင်ခံစာကို လက်ခံရရှိပြီးနောက်တွင် ရှေ့နေချုပ်က နာဂျစ်ကို စုံစမ်းစစ်ဆေးမှုအားလုံးကို အင်္ဂါနေ့က ပိတ်သိမ်းပစ်ခဲ့သည်။

နာဂျစ်ကမူ ရံပုံငွေများမှာ နိုင်ငံရေးအရ လှူဒါန်းမှုသာဖြစ်ပြီး ကိုယ်ကျိုးအတွက် တစ်ပြားတစ်ချပ်မျှ ရယူခဲ့ခြင်းမရှိဟု ပြောကြားကာ မည်သည့် မသမာမှုမျှ မပြုလုပ်ခဲ့ကြောင်း တွင်တွင်ငြင်းနေခဲ့သည်။ စွပ်စွဲချက်များမှ ကင်းရှင်းကြောင်း နိုင်ငံ၏ ဥပဒေရေးရာ အကြီးအကဲက ကြေညာခဲ့ပြီးနောက်တွင် နာဂျစ်က အရှုပ်တော်ပုံမှာ မလိုအပ်သည့် ဖျော်ဖြေမှုတစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

MACCမှ သတင်းရင်းမြစ်တစ်ခုက ရိုက်တာကို ပြောကြားရာတွင်မူ ယမန်လက တွေ့ရှိချက်များကို ရှေ့နေချုပ်ထံသို့ လွှဲပြောင်းပေးခဲ့စဉ်က နာဂျစ်ကို ရာဇဝတ်မှုမြောက်သော ကိုယ်ကျိုးရှာမှုဖြင့် တရားစွဲသင့်သည်ဟု အကြံပြုခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly