လှေစီးရွှေ့ပြောင်း ဝင်ရောက်သူများ နေရာချထားရေး အရှိန်မြှင့်လုပ်ဆောင်ရန် အီးယူခေါင်းဆောင်များ သဘောတူ

လှေစီးရွှေ့ပြောင်း ဝင်ရောက်သူများ နေရာချထားရေး အရှိန်မြှင့်လုပ်ဆောင်ရန် အီးယူခေါင်းဆောင်များ သဘောတူ

(ဥရောပသမဂ္ဂ)။ ။ အီတလီနှင့် ဂရိနိုင်ငံများသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်းအခြေစိုက်သူ ထောင်ပေါင်းများစွာကို
နေရာချထားပေးရေးအတွက် အရှိန်မြှင့်လုပ်ဆောင်သွားရန် ဘရပ်ဆဲလ် အစည်းအဝေးတွင် အီးယူခေါင်းဆောင်များ သဘောတူခဲ့ကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်သည့် ဒေါနယ်တက်စ်က ရွှေ့ပြောင်းအခြေစိုက် ဝင်ရောက်သူ ၄၀၀၀၀ ကို အခြား ဥရောပနိုင်ငံများတွင် လာမည့်နှစ်နှစ်အတွင်း နေရာချထားပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

မည်သည့်နိုင်ငံ ရွှေ့ပြောင်းဝင်ရောက်သူ မည်မျှကို လက်ခံပေးမည်ဆိုသည့် ခွဲဝေတာဝန်ခံမှု အချိုးအစားကို သဘောတူညီမှု မရသေးပေ။

အဆိုပါအစည်းအဝေးတွင် ဂရိကြွေးမြီပြဿနာကိုလည်း ဆွေးနွေးခဲ့ကြသည်။ ကြွေးမြီပြဿနာနှင့် ဂရိနှင့်
ကြွေးရှင်နိုင်ငံများက ဇွန် ၂၅ ရက်က ဆွေးနွေးခဲ့သော်လည်း လိပ်ခဲတည်းလည်း အခြေအနေမှာပင် ရှိနေဆဲဖြစ်သည်။

ဥရောပတွင် ဘဝရပ်တည် နေထိုင်နိုင်ရေးအတွက် မြေထဲပင်လယ်ကိုဖြတ်ကာ လှေများဖြင့် အပြည့်အသိပ်
ရွှေ့ပြောင်း ဝင်ရောက်လာသူများကို အီးယူအဖွဲ့ဝင်နိုင်ငံများက ခွဲဝေတာဝန်ယူကြရန် ဒေါနယ်တက်စ်က အစောပိုင်းက တိုက်တွန်းထားသည်။

ယခုနှစ်အတွင်း ဥရောပနိုင်ငံများသို့ ဝင်ရောက်ရန် ကြိုးစားသည့် လှေစီးရွှေ့ပြောင်း ဝင်ရောက်သူများ အနည်းဆုံး ၁၅၃၀၀၀ ရှိပြီး ပြီးခဲ့သည့်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ၁၄၉ ရာခိုင်နှုန်း များပြားလာခဲ့ခြင်းဖြစ်ကြောင်း နယ်ခြားအေဂျင်စီ Frontex က ပြောသည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly