သင်၏ အသက်မွေးဝမ်းကျောင်းအတွက် ဘယ်လို အစီအစဉ်တွေ ရေးဆွဲမလဲ

သင်၏ အသက်မွေးဝမ်းကျောင်းအတွက် ဘယ်လို အစီအစဉ်တွေ ရေးဆွဲမလဲ

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက်၊ ၂၀၁၆ ။           ။ သင်၏ အသက်မွေးဝမ်းကျောင်းအတွက် အစီအစဉ်များ ချမှတ်ခြင်းသည် သင်တို့၏ ဘဝအတွက် ဆုံးဖြတ်ရခက်ခဲနေသည့် တာဝန်တစ်ခုဖြစ်လာနိုင် သည်။ နောင်လာမယ့် အနှစ် ၄၀ အတွင်း သင်ဘယ်လို အလုပ်ကို တစ်စိုက်မတ်မတ်လုပ်ကိုင်ချင်မလဲဆိုတဲ့ အဖြေကို သင်ကိုယ်တိုင် ဘယ်လိုသိနိုင်မလဲ။ ကမ္ဘာကြီးကရော ပြောင်းလဲမှု တစ်စုံတစ်ရာမရှိပဲ တစ်သတ်မတ်တည်း ရှိနေနိုင်ပါ့မလား။

ဒီလို ဆုံးဖြတ်ရမယ့် အချိန်မျိုးကို ကြုံတွေ့လာပါက ရိုးရှင်းစွာ ဆုံးဖြတ်ခြင်းက အကောင်းဆုံး ဖြစ်သည်။ သင်သည် အသက်မွေးမှု အတတ်ပညာတစ်ခုခုဖြစ်သည့် သင်ကြားရေး၊ ဥပဒေပညာ၊ ဆေးဝါးကုသမှုပညာ စသည်တို့ဖြင့် အသက်မွေးလိုပါက ထိုအတတ်ပညာများ သင်ကြားပို့ချသည့် လမ်းကြောင်းသို့သွားရန် သတ်မှတ်ချက်များက ရှိပြီးသားဖြစ်သည်။ ထိုလမ်းကြောင်းများအတိုင်း ကိုယ်က လျှောက်လှမ်းသွားရုံသာဖြစ်သည်။

ထို့အပြင် လက်သမားအတတ်ပညာ၊ အဆောက်အဦးတည်ဆောက်မှု အတတ်ပညာနှင့် အခြား လက်မှုအတတ်ပညာများဖြင့် အသက်မွေးလိုပါကလည်း လက်တွေ့အတတ်ပညာသင်ကျောင်းများအပြင် လုပ်ငန်းခွင်အတွင်း လက်တွေ့ဝင်ရောက်ကာ လုပ်ကိုင်ခြင်းဖြင့် သင်ယူတတ်မြောက်နိုင်သောကြောင့် ရိုးရှင်းသော အသက်မွေးမှု လမ်းကြောင်းအဖြစ် မှတ်ယူနိုင်သည်။ ဒါ့အပြင် စာရေး၊ စာချီ (ရုံးဝန်ထမ်း) သို့မဟုတ် အထွေထွေလုပ်သားအဖြစ် အသက်မွေးမယ်ဆိုရင်လည်း အသက်မွေးဝမ်းကျောင်း တစ်ခု အတွက် များပြားလှသည့် အစီအစဉ်တွေ ချမှတ်ရန်လိုမည် မဟုတ်ပေ။

သို့သော် ယနေ့ခေတ် ကမ္ဘာကြီးတွင် ရှင်သန်နေထိုင်ရန်အတွက် ယခုထက်ပိုသော အသက် မွေးဝမ်းကျောင်းအလုပ်များ ရှိသေးသည်။ ထိုအလုပ်များသည် အမြဲတမ်း ရှုပ်ထွေးနေသလို တိုးတက်မှု များနှင့် ပြောင်းလဲမှုများသည် အချိန်တိုင်းဖြစ်ပေါ်နေသည်။

အသက်မွေးဝမ်းကျောင်းဆိုတာဘာလဲ။ ဘာကြောင့် ကြိုးစားပြီး အဓိပ္ပါယ်ဖော်နေကြသလဲ။ အစီအစဉ်တွေ၊ ကန့်သတ်ချက်တွေ ဘာကြောင့်ချမှတ်နေကြသလဲ။

အဓိက အသက်မွေးဝမ်းကျောင်း၏ အဓိပ္ပါယ်သည် သင်၏ နေထိုင်ရပ်တည်မှုအတွက် နည်းလမ်း ရှာဖွေခြင်း တစ်မျိးဖြစ်သည်။ သင့်နှင့် သင်ချစ်ရသည့်လူများအတွက် လိုချင်တာဖန်တီးနိုင်ဖို့၊ စား၊ ဝတ်၊ နေရေး စသည်တို့အတွက် မရှိမဖြစ် အရေးပါသည့် ဝင်ငွေကို ရရှိအောင်ရှာဖွေသည့် အလုပ်အကိုင်ကို အသက်မွေးဝမ်းကျောင်းဟု ခေါ်သည်။

အသက်မွေးဝမ်းကျောင်း၏ အဓိပ္ပါယ်တွင် ထို့ထက်ပိုသော အရာများလည်းရှိသည်။ ထိုအရာ ကတော့ အသက်ရှင်နေထိုင်မှုအတွက် ဝင်ငွေရရှိအောင် ဘယ်လို လုပ်ကိုင်ဆောင်ရွက်ကြမှာလဲ ဆိုသည့် နည်းလမ်းဖြစ်သည်။ ဒီနည်းလမ်းကနေ ကိုယ်က ဘယ်လိုလူမျိုးဆိုတာကို အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ် ပေးမှာလည်း ဖြစ်ပါတယ်။ ဒီလိုရပ်တည်မှုမျိုးဖြင့် ကျွန်တော်တို့ဘဝ၏ အချိန်တော်တော်များများကို ကုန်ဆုံး စေရမှာဖြစ်ပါတယ်။

မှန်ကန်သော အသက်မွေးဝမ်းကျောင်းတစ်ခုကို ဘယ်လိုရယူမလဲ။ မှားယွင်းခဲ့ပါက ဘယ်လိုဖြစ်မည်နည်း။ငယ်ရွယ်စဉ် အချိန်ခါမှာ ရရှိခဲ့တဲ့အတွေ့အကြုံတွေက သင်၏ ဘဝအသက်မွေးဝမ်းကျောင်း အတွက် လုံလောက်မှု ရှိနိုင်ပါ့မလား။ အရိုးရှင်းဆုံး အဖြေက မဖြစ်နိုင်ပါဟူ၍ ဖြစ်သည်။ ထိုသို့ လုံလောက်မှုရှိရန်လည်း မလိုအပ်ပေ။ ထို့အတွက် စိတ်ပူစရာလည်းမလိုပေ။

သင့်လုပ်မည့် အလုပ်တိုင်းက သင့်ကို အရည်အချင်းတွေ၊ ယုံကြည်မှုတွေ၊ အတွေ့အကြုံတွေ သင်ကြားပေးသွားမှာဖြစ်သည်။ ဒါ့အပြင် လုပ်ငန်းခွင်ဝင်ရောက်ခါစ အစောပိုင်းကာလတွေမှာ သင်၏ အသက်မွေးဝမ်းကျောင်းကို မကြာခဏ ပြောင်းလဲလေ့ရှိကောင်းလည်း ရှိနိုင်ပါသည်။ သင်သည် ကုမ္ပဏီ သေးတစ်ခုခုတွင် လုပ်နေသူဖြစ်ပါက အင်အားတောင့်တင်းသော ကုမ္ပဏီ အကြီးတစ်ခုသို့ ပြောင်းရွှေ့ရန် စိတ်ကူးရှိကောင်း ရှိနိုင်ပါသည်။ ကုမ္ပဏီ အကြီးတစ်ခုကို ရောက်ရှိသောအခါတွင်လည်း ပိုမိုကောင်းမွန် သော အခွင့်အလမ်း၊ ဌာနများကို ရာထူးတိုး အပြောင်းအရွှေ့နှင့်လည်း ရောက်ရှိသွားနိုင်ပါသည်။

လူအများစုသည် အသက်မွေးဝမ်းကျောင်း အမျိုးမျိုးကို လုပ်ကိုင်ခဲ့ဖူးကြသည်။ တစ်ခါတစ်ရံတွင် ကိုယ်လုပ်နေကြ အလုပ်အကိုင်နှင့် လုံးဝမသက်ဆိုင်သော အသက်မွေးဝမ်းကျောင်းတစ်ခုခုကို ပြောင်းလဲ လုပ်ကိုင်ရခြင်းမျိုးလည်း ရှိသည်။ ဥပမာ- ငယ်စဉ်အခါက သင်ကြားခဲ့ရသည့် ကျောင်းပညာရေးများတွင် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်၊ Information and Communication Technology (ICT) အချက်အ လက်ဆိုင်ရာ ပညာရပ်များ၊ ကွန်ပျူတာ ပညာရပ်များ၊ မီဒီယာနှင့် ကြော်ညာလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ စသည့် ဘာသာရပ်များ မပါရှိပေ။

လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်မှသာလျှင် ထိုသို့သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စ ရပ်များကို စတင်ထိတွေ့ခွင့်ရသည်က များသည်။ ဒီလိုပြောင်လဲမှုမျိုးသည် ယနေ့ခေတ် ကမ္ဘာကြီးတွင် အလျှင်အမြန် ဖြစ်ပေါ်လေ့ရှိတတ်သည်။ ထိုသို့ အပြောင်းအလဲမြန်သည့် အသက်မွေးဝမ်းကျောင်း များကြောင့် ယနေ့ခေတ် လုပ်ငန်းခွင်ဝင်နေသူ အတော်များများသည် ငယ်ရွယ်စဉ်က ချမှတ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အစီအစဉ်လမ်းကြောင်းပေါ်မှ သွေဖယ်နေသည်ကို တွေ့ရသည်။ တစ်ချို့ဆိုလျှင် မည်သို့သော အကြောင်းနှင့်မျှ စဉ်းစားခဲ့ဖူးခြင်း မရှိသည့် အကာသယာဉ်မှုုး၊ စက်ရုပ်တသည်ဆောက်မှု လုပ်ငန်းခွင်၊ DJ ဂီတသမား၊ ပလပ်စတစ် surgeon၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းနှင့် ကစားပွဲ အစီအစဉ် တင်ဆက်သူ စသည့် အသက်မွေးဝမ်းကျောင်းများကို သင့်တော်ရာ ဝင်ရောက်လုပ်ကိုင် နေကြသည်။

အချုပ်အားဖြင့် ဆိုရသော် ကမ္ဘာကြီးသည် အချိန်နှင့်အမျှ ပြောင်းလဲနေသည်။ ထို့ကြောင့် ကျွန်တောတို့၏ အသက်ရှင်နေထိုင်မှုအတွက် အသက်မွေးဝမ်းကျောင်းများကိုလည်း တိုးတက် ပေါ်ပေါက်လာသည့် နည်းပညာအသစ်များဖြင့် အံ့ဝင်ဂွင်ကျ ဖြစ်စေရန် ပြောင်းလဲဖို့ လိုအပ်ပေသည်။ တစ်ပိုင်းတစ်စ ပြောင်းလဲခြင်းနှင့် အလုံးစုံပြောင်းလဲခြင်းသည်သာ ကွာခြားမှုဖြစ်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly