ကြည့်ရင်မမောင်းနဲ့ မောင်းရင်မကြည့်နဲ့ ညစ်ညမ်းကား

ကြည့်ရင်မမောင်းနဲ့ မောင်းရင်မကြည့်နဲ့ ညစ်ညမ်းကား

ဒက်ထရိုက်၊ ဇန်နဝါရီ - ၂၈ ။             ။ မိုဘိုင်းခေတ်မှာတော့ ယာဉ်တိုက်မှုတွေ မဖြစ်အောင် မူးရင်မမောင်းနဲ့ ၊ မောင်းရင်မမူးနဲ့ ဆိုတာအပြင် ကြည့်ရင် မမောင်းနဲ့ မောင်းရင်မကြည့်နဲ့လို့ ထပ်တိုးရဦးမယ့် သာဓက တစ်ခုပါပဲ။ ဇန်နရီလ ၂၄ ရက်နေ့ နံနက်ခင်းမှာ အမေရိကန်ပြည်ထောင်စုက အသက် ၅၈နှစ်အရွယ် ယောကျ်ားတစ်ယောက် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ဖြစ်စဉ်မှာ သူဟာ ကားမောင်းနေရင်းနဲ့ ဖုန်းထဲက ညစ်ညမ်းရှုပ်ရှင်ကားတွေကို ကြည့်ရှုနေခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ဒက်ထရွိုက်မှာ နေထိုင်တဲ့ ကလစ်ဖို့ ရေး ဂျုန်းလို့အမည်ရတဲ့ အဆိုပါ ယောကျ်ားဟာ နံနက် ၃:၃၀အချိန်ခန့်မှာ ၇၅အဝေးပြေးလမ်းမကြီးပေါ် တောင်စူးစူးကို ခရီးနှင်နေစဉ်မှာ ခါးပတ် ပတ်ထားခြင်းလည်းမရှိတဲ့အပြင် ဖုန်းထဲက ညစ်ညမ်းရုပ်ရှင်ကားကိုလည်း အာရုံရောက်နေခဲ့ပုံရတယ်လို့ ဆိုပါတယ်။

နောက်တော့ ၁၉၉၆မိုဒယ် တိုယိုတာကားကို မထိန်းနိုင်တော့ဘဲ ကားက နှစ်လှိမ့်သုံးလှိမ့် လိမ့်သားလို့ နေကာမှန်အကွဲကနော် ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်း ထွက်ပေါ်နေခဲ့တယ်လို့ ဆိုပါတယ်။

နေရာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး ရဲက တွေ့တဲ့အချိန်မှာတော့ ရေးဂျုန်းဟာ ဘောင်းဘီရှည်လည်း ဝတ်ဆင်ထားခြင်းမရှိဘူးလို့ အဆိုပါတယ်။

အခြား ဘယ်ယာဉ်နဲ့မှလည်း တိုက်မိခြင်းမရှိတာကြောင့် ဒီလိုဖြစ်ရပ်မျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ ထူးဆန်းတယ်လို့ ရဲက ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags