အိန္ဒိယတွင် မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီးရေကြီးမှုများကြောင့် လူ ၅၀ ကျော်သေဆုံး

အိန္ဒိယတွင် မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီးရေကြီးမှုများကြောင့် လူ ၅၀ ကျော်သေဆုံး

(နယူးဒေလီ)။ ။ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် မုတ်သုံမိုး အဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုနှင့် အိမ်များပြိုလဲခြင်းများကြောင့် အာဏာပိုင်များက ပြည်သူများကို ကုန်းမြင့်များသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကို ဆူအာရာရှထရာအရပ်တွင် အဆိုးရွားဆုံးကြုံတွေ့ပြီး ရေကြီးမှုကြောင့် ဖြစ်ပေါ်သည့် မတော်တဆမှုများကြောင့် သေဆုံးသူပေါင်းမှာ ၅၀ ကျော်ရှိပြီ ဖြစ်သည်။

ကုန်းမြင့်နေရာများသို့ ပြောင်းရွှေ့သူပေါင်း ၁၀၀၀၀ ဝန်းကျင်ရှိပြီး ရဟတ်ယာဉ်ဖြင့်ပင် ရွှေ့ပြောင်းပေးမှုများကို လုပ်ဆောင်ခဲ့ရသည်။

အိန္ဒိယနိုင်ငံသည် မုတ်သုံရာသီဝင်ချိန်တွင် ရေကြီးမှုများဖြစ်ပေါ်တတ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

သို့သော် ယခုနှစ် ဂူဂျာရတ်ပြည်နယ်တွင် ကြုံတွေ့နေသည့် မုတ်သုံမိုးသည်းထန်မှုမှာ အဆိုးရွားဆုံးအခြေအနေ ဖြစ်သည်။

သေဆုံးမှုအများဆုံးမှာ အိမ်ပြိုကျမှုကြောင့်ဖြစ်ပြီး သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်ခြေရှိကြောင်း ဘီဘီစီသတင်းထောက်က ပြောသည်။

အဆိုးဆုံးရေကြီးလွှမ်းမိုးမှုမှာ ကမ်းခြေဒေသဖြစ်သည့် အမ်မရီလီအရပ်တွင်ဖြစ်ပြီး လူပေါင်း ၃၆ ဦးအထိ
သေဆုံးကြောင်း ဂူဂျာရတ် သဘာဝဘေးစီမံခန့်ခွဲရေး ဌာနက ထုတ်ပြန်ခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly