ညို့ဓာတ်ပြင်း ဗီဒီယိုဖိုင်များကို Instagram တွင် ထုတ်ဖော်ပြသခဲ့တဲ့ ဘရစ်တနီစပီးယား

ညို့ဓာတ်ပြင်း ဗီဒီယိုဖိုင်များကို Instagram တွင် ထုတ်ဖော်ပြသခဲ့တဲ့ ဘရစ်တနီစပီးယား

ကမ္ဘာကျော်အဆိုတော် ဘရစ်တနီစပီးယားသည် ညို့အားပြင်း ဝတ်စုံများကို ဝတ်ဆင် ထားသော အဖြူအမည်း ဗီဒီယိုဖိုင်များကို ၎င်း၏ Instagram စာမျက်နှာမှ တစ်ဆင့် ဖြန့်ဝေခဲ့ရာ ပရိသတ်များက မဝေးတော့သည့် အနာဂတ်တွင် ထွက်ရှိမည့် ဘရစ်တနီ၏ တေးသီချင်းသစ် ဖြစ်နိုင်သည်ဟု ထင်ကြေးပေး ပြောကြားလျက် ရှိသည်။

အသက် ၃၄ နှစ်ရှိ ဘရစ်တနီ တင်ခဲ့သော ဗီဒီယိုဖိုင်တွင် ဘရစ်တနီသည် ရေကူးဝတ်စုံကို ဝတ်ဆင်ထားပြီး  Nathaniel Rateliff & The Night Sweats တေးဂီတအဖွဲ့၏ “ S.O.B ”  တေးသီ ချင်းကို ဖွင့်ထားကာ ညို့အားပြင်း ကကွက်များဖြင့် ကပြနေသည်ကို တွေ့ရသည်။

ဘရစ်တနီသည် ဗီဒီယိုဖိုင်အောက်တွင် စာသားများ ရေးသားထားခြင်း မရှိသည့်အတွက် ဗီဒီယိုဖိုင်ထုတ်လွှင့်သည့် ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ အဆိုပါ အဖြူအမည်း ဗီဒီယိုဖိုင်သုံးခုတွင် ကလေးနှစ်ယောက်မိခင် ဘရစ်တနီစပီးယား ကြမ်းပြင်ပေါ်တွင် ပတ်လည်လှည့်ကာ ကစဉ် ၎င်း၏ ခန္ဓာကိုယ် ရင်ပိုင်းတွင် ပြန်ဖျက်လိုရသည့် တတ်တူးသစ်များ ထိုးထားသည်ကို တွေ့ရပြီး ရွေရောင်ဆံပင် ကိုဖြန့်ချထားသည်။

ပရိတ်သတ်များက ယင်းဗီဒီယိုများသည် စီစဉ်ဆောင်ရွက်ဆဲ ဘရစ်တနီ၏ ကိုးခုမြောက် တေးအယ်လ်ဘမ် ဖြစ်နိုင်သည်ဟု ထင်ကြေးပေးနေကြပြီး အချို့က ၎င်း၏ လက်စ်ဗီးဂက်စ် ဖျော်ဖြေပွဲ အတွက် ကကွက်သစ်များကို  အမြည်းသဘော ပြသခြင်းဖြစ်နိုင်ကြောင်း ထင်ကြေးပေး ပြောကြားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly