ရုပ်မြင်သံကြား အစီစဉ်တင်ဆက်သူ ဘော့ဘီခရစ္စတီးနားဘရောင်း နာတာရှည်ကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ရ

ရုပ်မြင်သံကြား အစီစဉ်တင်ဆက်သူ ဘော့ဘီခရစ္စတီးနားဘရောင်း နာတာရှည်ကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ရ

ရိုက်တာ (နယူးယော့ခ်)။ ။ အမေရိကန် အဆိုတော် ဝှိုက်တနီဟူစတန်၏ တစ်ဦးတည်းသောသမီး ရုပ်မြင်သံကြား အစီစဉ်တင်ဆက်သူ  ဘော့ဘီခရစ္စတီးနားဘရောင်းသည် လွန်ခဲ့သည့်ငါးလက သတိမေ့မြောနေခဲ့ပြီး ယခုအချိန်ထိ အခြေနေမှာ ထူးခြားလာခြင်း မရှိပဲ ကျန်းမာရေးအခြေနေမှာ ဆက်လက်ဆိုးရွားနေခြင်းကြောင့် ဇွန် ၂၄ ရက်က နာတာရှည် ကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ရသည်။

ဘရောင်း၏ ရည်စားဟောင်းဖြစ်သူသည် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုနှင့် ဘရောင်း၏ ဘဏ်အကောင့်မှ ငွေများကို ခိုးယူခဲ့မှုဖြင့် တရားစွဲဆိုခံထားရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဘရောင်းကို ဇန်နဝါရီ ၃၁ ရက်က ၎င်းနေထိုင်ရာ အက်တလန်တာမြို့နေအိမ် ရေချိုးကန်တွင်
ခေါင်းငိုက်စိုက်ဖြင့်  မလှုပ်မလျက်ပဲ တွေ့ခဲ့ရကြောင်းနှင့် ယင်းဖြစ်ရပ်သည် ၂၀၁၂ ခုနှစ်က မိခင်သေဆုံးခဲ့သည့် ပုံနှင့်တူညီနေသောကြောင့် ထိတ်လန့်ခဲ့ရသည်။

“ကောင်းမွန်သော ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများရှိနေပေမဲ့ ဘရောင်း၏ အခြေနေမှာ ဆက်လက် ဆိုးရွားလာတဲ့အတွက် ဒီနေ့မှာတော့ သူမကို နာတာရှည် ကုသဆောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်” ဟု စတန် မိသားစုဝင်များက ဇွန် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီလက ဘရောင်းကို ရည်စားဖြစ်သူ နစ်ခ်ဂေါ်ဒန်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ဂေါ်ဒန်သည် ဘရောင်းအား ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုနှင့် ဘရောင်းသတိမေ့မြောနေစဉ် ဘဏ်အကောင့်ကို ခိုးယူခဲ့မှုဖြင့် ဇွန် ၂၄ ရက်က စွဲချက်တင်ခံရသည်။

တရားစွဲဆိုမှုတွင် ဂေါ်ဒန်သည် ဘရောင်းကို ရိုက်နှက်ခဲ့ပြီး  မိခင်ထံမှ ဘရောင်းအမွေရရှိထားသော ငွေကြေးများကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဂေါ်ဒန်သည် ဘရောင်း၏ ဘဏ်အကောင့်ထဲမှ အမေရိကန်ဒေါ်လာ ၁၁,၀၀၀ ခိုးယူခဲ့ကြောင်း တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

ဘရောင်း၏ မိခင်ဖြစ်သူ ဂရမ်မီဆုရှင် R&B အဆိုတော် ဘော့ဘီဘရောင်းသည် ၂၀၁၂ ခုနှစ်က Beverly Hills ဟိုတယ် ရေချိုးကန်တွင် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် အာဏာပိုင်များက ကိုကင်း အလွန်အကျွံ့သုံးစွဲမှုနှင့် နှလုံးရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရောင်းသည် ဝှိုက်တနီဟူစတန်နှင့် R&B အဆိုတော် ဘော့ဘီဘရောင်းတို့၏ သမီးဖြစ်ပြီး ဘရောင်း ၁၄ နှစ်အရွယ်တွင် ၎င်းတို့နှစ်ဦးသည် ကွာရှင်းပြတ်စဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly