“Bend It Like Beckham” ဇာတ်ကားအား အခြေခံထားသော ဂီတပြဇာတ် တင်ဆက်လျက်ရှိရာ အင်္ဂလန် အမျိုးသမီး ဘောလုံးအသင်းကို ဖိတ်ကြားရန် စီစဉ်

“Bend It Like Beckham” ဇာတ်ကားအား အခြေခံထားသော ဂီတပြဇာတ် တင်ဆက်လျက်ရှိရာ အင်္ဂလန် အမျိုးသမီး ဘောလုံးအသင်းကို ဖိတ်ကြားရန် စီစဉ်

“Bend It Like Beckham” အမျိုးသမီး ဘောလုံးအားကစား ရုပ်ရှင်ဇာတ်ကား၏ ဒါရိုက်တာ Gurinder Chadha သည် ထိုဇာတ်ကားအပေါ် အခြေခံထားသော ဂီတပြဇာတ်သစ် တစ်ခု တင်ဆက်လျက်ရှိရာ၊ ထိုဂီတပြဇာတ်ကို ကြည့်ရှှုရန်အတွက် အင်္ဂလန် အမျိုးသမီး ဘောလုံးအသင်းအား ဖိတ်ကြားသွားရန် စီစဉ်လျက်ရှိသည်။

ဘောလုံးအားကစားကို ချစ်မြတ်နိုးသူ လန်ဒန်မြို့နေ အမျိုးသမီးတစ်ဦး အကြောင်းကို ဇာတ်လမ်းဆင် တင်ဆက်ထားသည့် ဂီတပြဇာတ်ကို၊ အင်္ဂလန် အမျိုးသမီးဘောလုံးအသင်း အမျိုးသမီးကမ္ဘာ့ဖလား ကွာတားဖိုင်နယ် တက်သွားအပြီး နှစ်ရက်အကြာတွင် စတင် ပြသခဲ့ခြင်း ဖြစ်သည်။

အင်္ဂလန် အမျိုးသမီး ဘောလုံးအသင်းသည် ကွာတားဖိုင်နယ်တွင် ကနေဒါ နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

“အမျိုးသမီး ကမ္ဘာ့ဖလားပွဲ ရှိနေတာဟာ ကျွန်မတို့အတွက် တကယ့်ကို ထူးခြားကောင်းမွန်တဲ့ အချိန်အခါကောင်းပါပဲ” ဟု Chadha က ဘီဘီစီ အား ပြောကြားခဲ့သည်။

“အင်္ဂလန်အသင်းရဲ့ အခြေအနေ ကောင်းမွန်နေတယ် ဆိုတာကတော့ ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ သတင်းတစ်ရပ်ပါ” ဟုလည်း သူမက ပြောခဲ့သည်။

“ဟီးသရိုးလေဆိပ်ကို သူတို့ ပြန်ရောက်တာနဲ့၊ ကျွန်မတို့ ပထမဆုံး လုပ်ဆောင်မယ့် အရာကတော့ သူတို့အားလုံးကို ဖိတ်ကြားဖို့ပဲ ဖြစ်ပါတယ်” ဟု Chadha က ပြောခဲ့သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly