အိုင်အက်စ်နှင့် ပတ်သက်မှုသံသယဖြင့် တောင်ကိုရီးယားတွင် အင်ဒိုနီးရှားသုံးဦးကို ဖမ်းဆီး

အိုင်အက်စ်နှင့် ပတ်သက်မှုသံသယဖြင့် တောင်ကိုရီးယားတွင် အင်ဒိုနီးရှားသုံးဦးကို ဖမ်းဆီး

ဂျာကာတာ၊ ဇန်နဝါရီ ၂၇ ။         ။ အိုင်အက်စ်စစ်သွေးကြွအုပ်စုနှင့် ချိတ်ဆက်မှုရှိနေသည်ဟု သံသယဖြင့် အင်ဒိုနီးရှားရွှေ့ပြောင်းအလုပ်သမားသုံးဦးကို ဇန်နဝါရီ ၂၇က တောင်ကိုရီးယားတွင် ဖမ်းဆီးခဲ့သည်။

အလုပ်သမားနှစ်ဦးကို နေရပ်ပြန်ပို့လိုက်ပြီဖြစ်သော်လည်း တတိယမြောက်လူမှာ တရားရေးလုပ်ငန်းစဉ်များကို ဖြတ်သန်းရန် တောင်ကိုရီးယားမှာပင် ရှိနေသေးသည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောသည်။ ထိုသူမှာလည်း လာမည့်သီတင်းပတ်အနည်းငယ်အတွင်း အင်ဒိုနီးရှားသို့ ပြန်ရောက်မည်ဟု မျှော်လင့်ရသည်။

အဆိုပါအလုပ်သမားသုံးဦးမှာ လူမှုမီဒီယာမှတဆင့် ဆက်သွယ်မှုပြုလုပ်ပြီးနောက် အိုင်အက်စ်နှင့် ပတ်သက်လာသည်ဟု သံသယရှိခံရသည်။

ယင်းသို့အပြုအမူများတွင် နောက်ထပ်အင်ဒိုနီးရှားအလုပ်သမားများ ပတ်သက်လာနိုင်ခြေရှိသည်ဟု အင်ဒိုနီးရှားရွှေ့ပြောင်းလုပ်သားများ နေရာချထားရေးနှင့် ကာကွယ်ရေးအေဂျင်စီက ပြောသည်။

အလုပ်သမားအများစုမှာ အထီးကျန်ဝေဒနာခံစားရသဖြင့် ဘာသာရေးအဖွဲ့အစည်းများတွင် ဝင်ရောက်လေ့ရှိကြောင်း ယင်းအေဂျင်စီ၏ အကြီးအကဲ နပ်စရန်ဝါဟစ်က ပြောသည်။

အစွန်းရောက်အုပ်စုများ၏ သြဇာလွှမ်းမိုးမခံရစေရေး ပြည်ပသွားမည့်အလုပ်သမားများကို ပိုမိုနီးကပ်စွာစောင့်ကြည့်စစ်ဆေးရန် ၎င်းအေဂျင်စီက နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကို တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly