ကန်တစ်ဒေါ်လာလျှင်ကျပ်ငွေ ၁၅၀၀တက်သည့်တိုင် ဖြေရှင်းရန်နည်းလမ်းရှိဟု သမဝါယမဝန်ကြီးဦး ကျော်ဆန်းပြော

ကန်တစ်ဒေါ်လာလျှင်ကျပ်ငွေ ၁၅၀၀တက်သည့်တိုင် ဖြေရှင်းရန်နည်းလမ်းရှိဟု သမဝါယမဝန်ကြီးဦး ကျော်ဆန်းပြော
ဓါတ်ပုံ-အီးပီအေ
 

နေပြည်တော်၊ ဇန်နဝါရီ ၂၇ ။           ။ ဒေါ်လာဈေးမြင့်တက်မှုကြောင့် ပြည်ပချေးငွ ပြန်မဆပ်နိုင်မည်ကို ပြည်သူများစိုးရိမ်သည့်အပါ်တွင် အမေရိကန်တစ်ဒေါ်လာလျှင်ကျပ်ငွေ ၁၅၀၀တက်သည့်တိုင် ဖြေရှင်းရန်နည်းလမ်းရှိဟု သမဝါယမဝန်ကြီးဦး ကျော်ဆန်းပြောကြားသည်။

ဝန်ကြီးဌာနအပေါ် ပြည်သူများက စိုးရိမ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဦးကျော်ဆန်းက ဇန်နဝါရီ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်   ပြောကြားခဲ့ ခြင်း ဖြစ်သည်။

ဝန်ကြီးဌာန၏ နည်းလမ်းမှာ ဥပဒေအရ ချေးထားသည့်  သမဝါယမအသင်းနှင့်၊အသင်းသားများ ထံမှ အတိုးနှုန်းကို ပြန်မြှင့်၍ ရယူနိုင်ခြင်းနည်းလမ်းဖြစ်ကြောင်း ဝန်ကြီးဦးကျော်ဆန်းက လွှတ်တော်တွင် ရှင်း ပြခဲ့သည်။

“ကျွန်တော်တို့က အခု တစ်ကျပ်ခွဲအတိုးပဲယူထားပါတယ်၊ ဒါကြောင့် ထောင့်ငါးရာထပ် တက်ရင် လိုအပ်ရင် တစ်ကျပ်ခွဲကနေပြီးတော့ တစ်ကျပ်ခုနှစ် ဆယ့်ငါးပြား၊နှစ်ကျပ်၊ နှစ်ကျပ်တစ်မတ်၊   နှစ်ကျပ်ခွဲအထိ တက်ပြီးတော့ ယူနိုင်တဲ့ အနေအထားမှာ ရှိပါတယ် “ ဟု ဝန်ကြီးကဆိုသည်။

သမဝါယမ ဝန်ကြီးဌာနသည် တရုတ်နိုင်ငံမှ ချေးငွေရယူ၍ ဆင်းရဲနွမ်းပါးမှုလျော့ချစေရေးအတွက် ပြည်တွင်းရှိ သမဝါယမ အသင်းနှင့်အသင်းသားများကို လက်ရှိတွင် အတိုးနှုန်း နည်းပါစွာဖြင့်ငွေချေး ပေး နေသည့် ဝန်ကြီးဌာနဖြစ်သည်။

ဆင်းရဲနွမ်းပါးမှုလျော့လျော့ချစေရေးအတွက် သမဝါယမ ဝန်ကြီးဌာနမှ ချေးသည့် အသေးစားအရင်း အနှီး ချေးငွေလုပ်ငန်းသည် ၂၀၁၄ခုနှစ်တွင် တစ်ရာ့လေးဆယ့်သုံး ဘီလီယံကျပ်ငွေချေးပေးခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်အထိ ကျပ်ဘီလီယံပေါင်း လေးရာ ချေးပေးခဲ့ကြောင်းဝန်ကြီးက ပြောသည်။

သမဝါယမဝန်ကြီးဌာနသည် ဆင်းရဲနွမ်းပါးမှု ၁၆ ရာခိုင်းနှုန်း လျော့ချရန် ရည်မှန်းချက်ဖြင့် အလုပ်သမား၊ လယ်သမား၊ အောက်ခြေလူတန်းစားများကို ကျပ်တစ်သိန်းငွေထုတ်ချေးခြင်းနှင့် လယ်ထွန်းစက် ကိရိယာများ အရစ်ကျရောင်းချရေးဆိုသည့် အသေးစားငွေချေးလုပ်ငန်းနှင့် အရစ်ကျရောင်းချခြင်းလုပ်ငန်းကိုသာ ဆောင် ရွက်နိုင်ခဲ့ကြောင်း လွှတ်တောာ်ကိုယ်စားလှယ်   ဒေါ်ခင်စန်းလှိုင်က   ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly