ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ မြို့ကြီး ၃မြို့တွင် ကျင်းပမည်

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲ မြို့ကြီး ၃မြို့တွင် ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီလ(၂၇)ရက် ။               ။ နိုင်ငံရေးမငြိမ်သက်မှုများ၊ ပဋိပက္ခအခြေနေများကို တားဆီးရာတွင် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ဥရောပသမဂ္ဂ၊ လူထုအခြေပြုအဖွဲ့ အစည်းများ၊ မီဒီယာများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ နည်းလမ်းများရှာဖွေနိုင်ရန် ဆွေးနွေးပွဲကို မြို့ကြီး ၃ မြို့တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလည်းရေးဆိုင်ရာ ဆွေးနွေးပွဲကို ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့တို့တွင် ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖေါ်ဝါရီလဆန်းပိုင်းများတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဥရောပသဂ္ဂ၏ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးအတွက် ပံ့ပိုးပေးမှု အစီအစဉ်၏ အကြီးတန်းအကြံပေး ဦးနေမျိုးနိုင်က ပြော သည်။

" ရွေးကောက်ပွဲ အပြီး လုပ်ငန်းအဆင့်ဆင့်အတွင်း အပြန်အလှန် ဆက်ဆံရေးထူထောင်ဖို့ သတင်း အချက် အလက်ဖလှယ်ဖို့နဲ့ ပဋိပက္ခကို ဆင်ခြင်ရတဲ့ အပြန်အလှန်ဆက်ဆံရေးကို အထောက်အကူပေးဖို့ ဒီအလုပ်ရုံ ဆွေးနွေးပွဲက အလားအလာကောင်းတွေအများကြီးဖန်းတီးပေးမှာပါ"ဟု ဦးနေမျိုးနိုင်က ပြောသည်။

အလုပ်ရုံဆွေးနွေးပွဲများကို မန္တလေးမြို့ရှိ Swan ဟိုတယ်တွင် ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်နေ့ ရန်ကုန်မြို့ ဖိုးစိန်လမ်းရှိ Green Hill ဟိုတယ်တွင် ဖေဖေါ်ဝါရီ ၂ ရက်နှင့် ၃ ရက်၊ ပုသိမ်မြို့ရှိ ကရုဏာ Social စင်တာတွင် ဖေဖေါ်ဝါရီ ၅ ရက်နေ့နှင့် ၆ ရက်နေ့ တို့ တွင် ပြုလုပ်သွားမည် ဖြစ်သည်။

"ရဲဆိုတဲ့ဟာက တရားဥပဒေစိုးမိုးမှုကို ပုံဖော်ရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တတယ်လေ။ တစ်နည်းအာဖြင့် ပြည် သူတွေကို တရားဥပဒေစိုးမိုးမှုနဲ့အတူ ကာကွယ်စောင့်ရှောက်ရတဲ့အဖွဲ့အစည်း ဖြစ်တယ်ဗျ။ ရဲဆိုတာက လက် နက်ကိုင်ထားရ့ုနဲ့မလုံလောက်ဘူး။ကျင့်ဝတ်ပိုင်းတွေလည်းပါတယ်လေ။ ရှင်းရှင်းပြောရရင် ရဲတွေကို မြန်မာ ပြည် သူလူထုကအမြင်မကြည်ဘူးဗျ။

လူထုကို နှိပ်စက်တဲ့ ယန္တရားထဲက လူတွေလို့မြင်ကြတယ်။ ဒါကြောင့် စ နစ်တစ်ခုပြောင်းတဲ့အခါများတော့  ရဲတွေဆိုတာ ပြည်သူလူထုကိုအကာအကွယ်ပေးတဲ့လူတွေ ဖြစ်တယ်ဆိုတာ ကို မြင်လာအောင် ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကအစ တိတိကျကျလေးစားလိုက်နာပြီးတော့ လုပ်သွားဖို့တော့ လိုမယ်ဗျ"ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly