ပင်နယ်တီအဆုံးအဖြတ် ၁၇ ကြိမ်တွင် ၁၄ ကြိမ် အနိုင်ရခဲ့သည့် လီဗာပူးလ်အသင်း

ပင်နယ်တီအဆုံးအဖြတ် ၁၇ ကြိမ်တွင် ၁၄ ကြိမ် အနိုင်ရခဲ့သည့် လီဗာပူးလ်အသင်း

လီဗာပူးလ်၊ ဇန်နဝါရီ ၂၇ ။            ။ လီဗာပူးလ်အသင်းသည် ကက်ပီတယ်ဝမ်း ဆီမီးဖိုင်နယ်တွင် စတုခ်စီးတီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် ပင်နယ်တီအဆုံး အဖြတ်ခံယူသည့် ၁၇ ကြိမ်တွင် ၁၄ ကြိမ်အထိအနိုင်ရသောအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဘရစ်တန်နီးယားကွင်းတွင် ကစားခဲ့သော ကက်ပီတယ်ဝမ်းဆီမီး ပထမအကျော့ပွဲစဉ်တွင် လီဗာပူးလ်အသင်းက ဝ-၁ ဖြင့် အနိုင်ရခဲ့ပြီး ယခုအန်ဖီးလ်ကွင်းတွင် ကစားသောပွဲ၌ လီဗာပူးလ်က ဝ-၁ ဖြင့် ပြန်လည်ရှုံးနိမ့်ခဲ့သည့်အတွက်  ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရခြင်းဖြစ်သည်။

ပင်နယ်တီအဆုံးအဖြတ်တွင် လီဗာပူးလ်အသင်းက ၆-၅ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် ဝင်ဘလေကွင်းတွင် ကစားရမည့် ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိသွားခဲ့သည်။

လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ၄၂ နှစ်အတွင်း၌ ပင်နယ်တီကန်သွင်းမှုများတွင် အံ့အားသင့်ဖွယ်ရာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ၁၉၇၄ ခုနှစ်က ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် လိဒ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ပထမဆုံးနိုင်ခဲ့ခြင်း ဖြစ်သည်။

လီဗာပူးလ်အသင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် နှစ်ကြိမ် ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရာတွင်လည်း နှစ်ကြိမ်လုံးအနိုင်ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်က ရိုးမားကို ၄-၃ ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်ပြီး ၂၀၀၇ ခုနှစ်က အေစီမီလန်ကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ လီဗာပူးလ်အသင်းသည် ဥရောပပြိုင်ပွဲများတွင် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ၌ ပြီးခဲ့သည့်ရာသီမတိုင်မီအထိ တစ်ကြိမ်မှ ရှုံးနိမ့်ခြင်း မရှိခဲ့ပေ။

လီဗာပူးလ်အသင်းရှုံးနိမ့်ခဲ့ရသည့် သုံးသင်းမှာ ဝင်ဘယ်ဒန် ၁၉၉၃ (၄-၃) လိဂ်ဖလား၊ နော်သမ်တမ်တောင်း ၂၀၁၀ (၄-၂)လိဂ်ဖလားနှင့် ဘီဆစ်တပ်စ် ၂၀၁၅ (၅-၄)ယူရိုပါလိဂ် ပွဲစဉ်များဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly