ဘရီအာနာနှင့် သားလေးအတွက် လော့စ်အိန်ဂျလိစ်တွင် အိမ်ငှားပေးခဲ့တဲ့ One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်

ဘရီအာနာနှင့် သားလေးအတွက် လော့စ်အိန်ဂျလိစ်တွင် အိမ်ငှားပေးခဲ့တဲ့ One Direction အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်

နယူးယော့ခ်၊ ဇန်နဝါရီ ၂၆ ။          ။ One Direction  အဖွဲ့ဝင် လူးဝစ်တွမ်လင်ဆန်သည်  ရည်စားဟောင်း ဘရီအာနာဂျန်ဝစ်နှင့် သားဖြစ်သူတို့အတွက် လော့စ်အိန်ဂျလိစ်မြို့တွင် အိမ်ခန်းကို ၎င်းကိုယ်တိုင် ငှားပေးခဲ့ကြောင်းနှင့် တိုက်ခန်းကို ခြောက်လကြာ ငှားပေးခဲ့သည်။

လူးဝစ်သည် ရည်းစားဟောင်းဖြစ်သူ၊ မွေးကင်းစသားလေးနှင့် ၎င်းပါနေထိုင်ရန် လော့စ်အိန်ဂျ လိစ်မြို့ရှိ ကျယ်ဝန်းသော တိုက်ခန်းနှစ်ခန်းကို ငှားခဲ့ပုံရသည်။ လူးဝစ်သည် ဘရီအာနာဂျန်ဝစ်နှင့် သားလေးတို့နှင့် အနီးကပ်နေနိုင်ရန် လော့စ်အိန်ဂျလိစ်မြို့ရှိ ကျယ်ဝန်းသော တိုက်ခန်းနှစ်ခန်းကို ငှားခဲ့ကြောင်း The Mirror ဌာနက ပြောကြားသည်။

ယခုလအစောပိုင်းက အိမ်ခန်းငါးခန်းပါ အိမ်ကို ခြောက်လစာချုပ်ဖြင့် ၎င်းကိုယ်တိုင် ငှားရမ်း ခဲ့ပြီး ရည်းစားဟောင်းနှင့် မွေးကင်းစသားတို့အတွက် အခန်းလေးခန်းပါ အိမ်ခန်းနောက်တစ်ခန်းကို ငှားခဲ့သည်။
“အိပ်ခန်းငါးခန်းပါ အခန်းကို လူးဝစ်က သူနေဖို့အတွက် ငှားခဲ့တယ်။ ဘရီအာနာနဲ့ လူးဝစ်တို့ ကလေးကို အတူစောင့်ရှောက်နိုင်ဖို့အတွက် ငှားခဲ့တာပါ” ဟု လူးဝစ်နှင့် ရင်းနှီးသော သတင်းအ ရင်းမြစ်တစ်ခု ကပြောကြားသည်။

“လူးဝစ်က သားလေးကို စောင့်ရှောင်ချင်တယ်လို့ သူငယ်ချင်းတွေနဲ့ မိသားစုတွေကို ပြောခဲ့ တယ်။ ဒါကြောင့် သူဟာ အခုဆိုရင် လော့စ်အိန်ဂျလိစ်ကို ပြောင်းရွှေ့တော့မှာပါ။ သူရဲ့မိဘနဲ့ မိသားစု ဝင်တွေဟာလည်း အကူညီပေးနေပါတယ်။ လူးဝစ်ဟာ အကောင်းဆုံး ဖခင်တစ်ဦးဖြစ်ဖို့ ဆုံးဖြတ်ထား တယ်။ သားဖြစ်သူအတွက် ကောင်းမွန်တဲ့ မိသားစုဘဝကို ဖန်တီးပေးဖို့ လူးဝစ်ဟာ ဘရီအာနာနဲ့ အတူ လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု သတင်းအရင်းမြစ်က ပြောကြားသည်။

အသက် ၂၄ နှစ်အရွယ်ရှိ လူးဝစ်သည် သီတင်းပတ်ကုန်က သားလေးမွေးဖွားခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ရာ ၎င်း၏ ပရိတ်သတ် သန်းပေါင်းများစွာအကြား အုတ်အော်သောင်းနင်း ဖြစ်ခဲ့သည်” ဇန်နဝါရီ ၂၂ ရက်က ကျွန်တော့် သားလေး မွေးဖွားခဲ့တယ်။သားဖြစ်သူလည်း ကျန်းမာပါ တယ်။ ကျွန်တေ်ာအရမ်းကို ပျော်ပါတယ်” ဟု လူးဝစ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly