လဝက ကို ပြည်ထဲရေးဝန်ကြီးဌာနအောက် ထားရန်စီစဉ်မှု ပြည်ထောင်စုလွှတ်တော်တွင် အစီအရင်ခံမည်

လဝက ကို ပြည်ထဲရေးဝန်ကြီးဌာနအောက် ထားရန်စီစဉ်မှု ပြည်ထောင်စုလွှတ်တော်တွင် အစီအရင်ခံမည်

နေပြည်တော် ၊ ဇန်နဝါရီ ၂၆ ။          ။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနသို့ အောက်သို့ ပြောင်း ရန်စီစဉ်မှုကို ပြည်ထောင်စုလွှတ်တော်၏ ဥပဒေကြမ်းကော်မတီက မနက်ဖြန်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အစီအရင်ခံစာတင်သွင်းသွားမည်ဖြစ်ကြောင်း ယင်းဥပဒေကြမ်းကော်မတီမှ သိရသည်။

ဥပဒေကြမ်းကော်မတီသည် ယခု ကျင်းပနေသည့် လွှတ် တော်သက်တမ်းအတွင်း ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူဖို့အတွက် အချိန်လုံလောက်မှု ရှိမရှိ ကို နိုင်ငံရေးပါတီများ၏ သဘောထားကို ရယူ၍ မနက်ဖြန်တွင် ပြည်ထောင်စုလွှတ်တော်တွင် အစီရင်ခံစာတင် သွင်းသွာမည်ဖြစ်ကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးသိန်းထွန်းဦးကပြောသည်။

“ဒီဟာကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့ အချိန်လုံလောက်ခြင်း ရှိမရှိဆိုတဲ့ ဟာကို နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်တွေရဲ့ ပြောပြချက်ကို အစီအရင်ခံစာမှာ ထည့် သွင်းပြီးတော့ မနက်ဖြန်လောက်မှာ ကိုယ် တင်ပေးလိုက်မှာဖြစ်ပါတယ် “ ဟု ၎င်းက ပြောကြားသည်။

နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ဇန်နဝါရီ ၂၂ ရက်စွဲဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနသို့ အောက်သို့   ပြောင်းရွှေ့လိုကြောင်း နှင့်မည်သို့ကြောင့်ပြောင်းရွှေ့လိုကြောင်းကိုစာရေးသား၍ သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာအပေါ်ကို ပြည်ထောင်စုလွှတ်တော်၏ ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီအရင် ခံစာတင်သွင်းနိုင်ရန်အတွက် နိုင်ငံရေးပါတီ ၁၈ ပါတီမှ ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြား၍ လွှတ်တော်ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာဦးဆောင်၍ဇန်နဝါရီ ၂၆ ရက်နေ့တွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့သည်။

“အကုန်လုံးပြန်ကြည့်ရင်လဝက ဝန်ကြီးဌာနကအင်မတန်အရေးကြီးပါတယ်။ နိုင်ငံအတွက် ဒါကို နာယကကြီးကသင့်မသင့်သုံးသပ်ပါလို့ တာဝန်ပေးတာပေါ့ဗျာ၊အချိန်ကလည်းကပ်လွန်းပါတယ်။ ကျွန် တော် တို့ကတော့ အချိန်ကသုံးရက်ပဲရှိတော့တယ်။ သို့သော် နောက်ဆုံးကာလအထိ လိုအပ်တဲ့တာဝန်တွေကို ထမ်း ဖို့ကလည်းလွှတ်တော်ကြီးမှာရှိနေပါတယ်၊ အဲ့တော့ ဥပဒေကြမ်း   ကော်မတီကသုံးသပ်ဆုံးဖြတ်ကြပါ။ ကျွန်တော်တို့သဘောကတော့ ဒီအဖွဲ့အစည်းဟာအမျိုးသားရေးဖွဲ့စည်းပုံတစ်ခုရဲ့အောက်မှာ ဒီဝန်ကြီး ဌာနရှိသွားရင်ပိုပြီးတော့ တစ်မျိုးသားလုံးအတွက် လုံခြုံတယ် ” ဟု ရခိုင် အမျိုးသားပါတီမှ ဒေါက်တာ အေးမောင်က ဥပဒေကြမ်းကော်မတီအစည်းအဝေးပြီးတွင် မှတ်ချက်ပြုပြောကြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly