လွှတ်တော်အမတ်များ အင်္ဂလိပ်စာသင်ယူလိုလျှင် နိုင်ကျဉ်းဟောင်းများကူညီမည်

လွှတ်တော်အမတ်များ အင်္ဂလိပ်စာသင်ယူလိုလျှင် နိုင်ကျဉ်းဟောင်းများကူညီမည်

ရန်ကုန်၊ဇန်နဝါရီ ၂၆ ။       ။ လွှတ်တော်အမတ်များလိုအပ်၍ အင်္ဂလိပ်စာသင်ယူလိုလျှင် နိုင်ကျဉ်းဟောင်းများက ကူညီပေးမည်ဟု နိုင်ကျဉ်းဟောင်းများက ရွေးကောက်ခံထားရသည့် အမတ်များနှင့် ဇန်နဝါရီ ၂၃ ရက်နေ့က မြို့မကျောင်းလမ်းရှိ အိုရီယန်တယ်ဟောက်စ်၌ အလွတ်သဘောတွေ့ဆုံပွဲတွင် ပြောကြားသည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ နိုင်ကျဉ်းဟောင်း ကိုဉာဏ်က ယခုတွေ့ဆုံမှုမှာ အလွတ်သဘောသာ ဖြစ်ပြီး မတွေ့တာကြာပြီဖြစ်သည့် သူငယ်ချင်းဟောင်းများ တွေ့ဆုံစကားပြောခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

''ပြီးခဲ့တဲ့လွှတ်တော်သက်တမ်းမှာ စောင့်ကြည့်လေ့လာခဲ့တဲ့အကြောင်းပြောကြတယ်။ ကျွန်တော်တို့ စာအုပ် စာတမ်း ထုတ်ထားတာတွေပေးတယ်၊ အမတ်တွေလိုအပ်လို့ အင်္ဂလိပ်စာသင်တန်းတက်ချင် ရင် နိုင်ကျဉ်းဟောင်းတွေက အကူအညီပေးဖို့ပြောဖြစ်ကြတယ်။''ဟု လွှတ်တော်စောင့်ကြည့်ရေး လုပ်နေသည့် ကိုဉာဏ်က ပြောကြားသည်။

စမ်းချောင်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ရွေးချယ်ခံထားရသည့် ကိုဘိုဘိုဦးက လွှတ်တော်စတက်လျှင် နိုင်ငံရေးအကျဉ်းသားဟောင်းအမတ်များက နိုင်ငံရေးအကျဉ်းသားများကိစ္စ မည်သို့စတင်ကိုင်တွယ် မည်ဆိုတာ အတည်ပြုရန်ခက်ခဲသေးကြောင်း မဇ္ဈိမသို့ပြောသည်။

''၂၃ ရက်နေ့က အလွတ်သဘောတွေ့ဆုံကြတာပါ။ ဆွေးနွေးပွဲမဟုတ်ပါဘူး။ ခုမှလွှတ်တော်တက်ဖို့ မှတ်ပုံတင်တုန်းရှိပါသေးတယ်။ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်ခေါ်ပြီးမှ ဖြည်းဖြည်းချင်း ပါတီ ဂိုက်လိုင်းနဲ့ ချိန်ငြိပြီးမှ ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာ သွားပါမယ်။ အစည်းအဝေးလုပ်ပြီးမှ လက်ရှိထောင်ထဲရောက်နေတဲ့ နိုင်ကျဉ်းတွေကိစ္စလုပ်ဆောင်နိုင်မှာပါ။'' ဟု ၎င်းက ပြောကြားသည်။

လက်ရှိရွေးချယ်ခံထားရသောလွှတ်တော်အမတ်များထဲတွင် နိုင်ငံရေးအကျဉ်းသားဟောင်း (၂၀) ဦး ကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly