လာမည့်လွှတ်တော်တွင် မြေသိမ်းယာသိမ်းကိစ္စရပ်များကို အရေးကြီးလုပ်ငန်းစဉ် အဖြစ်ဖြေရှင်းရန် အကြံပြု

လာမည့်လွှတ်တော်တွင် မြေသိမ်းယာသိမ်းကိစ္စရပ်များကို အရေးကြီးလုပ်ငန်းစဉ် အဖြစ်ဖြေရှင်းရန် အကြံပြု
ပုံစာ-ပြင်ဦးလွင်မြို့နယ်၊ရပ်ကွက်ကြီး(၁၄)၊ညောင်နီကျေးရွာရှိ  မြေများကို ဇန်နဝါရီ ၂၅ ရက် ညနေ ၄ နာရီက အမှတ်(၉၅၈)ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ) မှခြံစည်းရိုးဝင်ခတ်နေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ-အောင်ကိုဦး

နေပြည်တော်၊ဇန်နဝါရီ ၂၆ ။          ။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် မြေသိမ်း၊ ယာသိမ်းကိစ္စရပ်များကို အရေးအကြီးလုပ်ငန်း စဉ်အဖြစ် ဖြေရှင်းဆောက်ရွက်ရန် လိုအပ်ကြောင်း လယ်၊ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေး ကော်မရှင်၏ အစီအရင်ခံစာ၌ အကြံပြုဖော်ပြထားသည်။

လယ်ယာမြေစုံစမ်းရေးကော်မရှင်၏ ဆောင်ရွက်ချက်များကြောင့် သိမ်းဆည်းသူများမှ ထိုက်သည့် မြေများ ပြန်လည်စွန့်လွှတ်ခြင်း၊ထိုက်သင့်သည့် လျော်ကြေငွေ ပမ ဏ ရရှိသော်လည်း လက်ရှိတွင်  ဖြေရှင်းဆောင်ရွက် ရန် အမှုတွဲပေါင်းခြောက်ထောင်ကျော် ကျန်ရှိနေကြောင်းလည်း အဆိုပါ အစီအရင်ခံစာ၌ ဖော်ပြ ထားသည်။           

ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်၏  အမိန့်၊ညွှန်ကြား ချက်များနှင့်အကြံပြုချက်များကို အစိုးရ အဖွဲ့အဆင့်ဆင့်မှ   အောက်ခြေအထိ   ဆောက်ရွက်မှုအားနည်းခြင်း ၊ ချို့ယွင်းချက်များရှိခြင်းကြောင့် မြေသိမ်း၊ယာ သိမ်း ပြဿနာများ ပြီးပြတ်နိုင်မှုမရှိပဲ ကျန်ရှိနေခြင်းဖြစ်ကြောင်း အစီအရင်ခံစာ၌ ဖော်ပြထားသည်။

လယ်၊ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေး ကော်မရှင်သည် ၂၀၁၆ခုနှစ်၊ဇန်နဝါရီလ (၂၁) ရက်နေ့အထိ လယ်၊ယာမြေ ပြဿနာအမှုတွဲပေါင်း (၁၉၈၃၆) ကို အစိုးရအဖွဲ့သို့ပေးပို့ခဲ့ပြီး အစိုးရအဖွဲ့၏ မြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီမှ အမှုတွဲပေါင်း(၁၂၉၇၀)မှုတွဲကို ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောက်ရွက်ဆဲအမှုပေါင်း (၆၂၄၃)ရှိကြောင်းး အစီအရင်ခံစာ၌ ဖော်ပြထားသည်။         

လယ်ယာမြေစုံစမ်းရေးကော်မရှင်က သိမ်းဆည်းခံလယ်၊ယာမြေများကို စုံစမ်းစစ်ဆေးရာတွင်(က) မြို့ပြ များတည်ဆောက်ရန် အတွက် သိမ်းစည်းခြင်း၊ (ခ)စက်မှုဇုန်များ တည်ဆောက်ရာအတွက် သိမ်းဆည်းခြင်း၊ (ဂ)တပ်မြေ အဖြစ်သိမ်းဆည်းခြင်း၊ (ဂ)နိုင်ငံတော်၏ စီမံကိန်းများဖြစ်သည့် ရထားလမ်း၊ကားလမ်း၊ လေယာဉ် ကွင်းများတိုးချဲ့ တည်ဆောင်ခြင်းမျာအတွက် သိမ်းဆည်းခြင်း၊ (ဃ)နိုင်ငံတော်၏ စက်ရုံများအတွက် သိမ်းဆည်း ခြင်း၊(င) စိုက်ပျိုး ရေး၊မွေးမြူရေးစီမံကိန်းများဆောင်ရွက်ရန် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေနေရာ ချထား ပေးရာ တွင် တောင် သူ များ၏  လုပ်ကိုင်ဆောင်ရွက်နေသည့် လယ်ယာမြေများပါရှိသွားခြင်း တို့ကို တွေ့ရကြောင်း အစီအရင်ခံစာ ဖော်ပြထားသည်။          

လယ်၊ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေး စုံစမ်းရေး ကော်မရှင်ကို လွှတ်တော်ကိုယ်စားလှယ် ၆၀ ဦးဖွ့ဲစည်းထားပြီး ဥက္ကဌအဖြစ် ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွဋ်က တာဝန်ယူဆောင်ရွက်နေပြီး တိုင်းဒေသကြီး ပြည်နယ်များအလိုက် စုံစမ်းစစ်ဆေးရန်  အဖွဲ့ခွဲငယ် (၉)ခုကိုလည်း ထပ်ဆင့် ဖွဲ့စည်းထားကာ ကဏ္ဍအလိုက်ခွဲခြား စုံစမ်းခြင်း ၊ဒေသခံပြည်သူများ၊ အစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်ပူးပေါင်း၍ လယ်၊ယာမြေ၊သိမ်းဆည်းခံရသည့် ပြဿနာကို သာ ဖြေရှင်းဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly