နီပေါငလျင်အတွက် သီတဂူဆရာတော်က ကန်ဒေါ်လာ သုံးသောင်းလှူဒါန်း

နီပေါငလျင်အတွက် သီတဂူဆရာတော်က ကန်ဒေါ်လာ သုံးသောင်းလှူဒါန်း

ရန်ကုန်၊ ဇွန် ၂၅ ။    ။ မေလအတွင်းက အင်အားပြင်းမြေငလျင်တစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သည့် အတွက် နီပေါငလျင်အတွက် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက  အမေရိ ကန်ဒေါ်လာ သုံးသောင်း ကို ဇွန်၂၅ ရက်က ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာ နီပေါသံရုံးတွင်  လှူဒါန် းခဲ့သည်။

အဆိုပါ ငလျင်သည် နီပေါနိုင်ငံတွင် စုစုပေါင်းလူ ၉၀၀ ကျော် သေဆုံးခဲ့ခြင်းဖြစ်ပြီး သဘာဝဘေး အန္တရာယ ်ဒဏ်ခံရသော အိမ်နီးချင်းနိုင်ငံများ အတွက်ကူညီထောက်ပံ့ခွင့်ရခြင်းသည် မြန်မာနိုင်ငံ အတွက်ကောင်းမွန်သော လုပ်ရပ်တစ်ခုဖြစ်ပြီး၊ယခု ကူညီသော ငွေပမာဏ နည်းပါးသော် လည်း ကြီးမားသော နှလုံးသားဖြင့်ကောင်းမွန်သောလှူဒါန်းခြင်းဖြစ်ကာ နီပေါလူမျိုးများ သည် ဗုဒ္ဓဘာသာဝင်များ ပင်ဖြစ်ပြီး အိမ်နီးချင်းအချင်းချင်းကူညီစောင့်ရှောက်သင့်သည်ဟု သီတဂူဆရာတော်က မိန့်သည်။

မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး မစ္စတာ ပါရာစ်ဂီမီရေးက” အခုလိုမြန်မာနိုင်ငံမှာရှိတဲ့ ဘာသာရေး၊လူမှုရေး အဖွဲ့အစည်းတွေက ကူညီမှုတွေရရှိတဲ့အတွက်ကျေးဇူးတင်ဝမ်းသာမိတယ်။ သီတဂူဆရာတော်အလှူငွေအပါအဝင် တခြားသောအလှူငွေတွေကို နောက်အပတ်ထဲမှာ နီပေါနိုင်ငံကို လွှဲပြောင်းသွားမှာပါ”ဟုဆိုသည်။

နီပေါငလျင်အတွက် မြန်မာနိုင်ငံမှ စုစုပေါင်းလှူဒါန်းငွေ ကန်ဒေါ်လာ ၅၂၅၀၀ ရရှိထားပြီး ပထမ အကြိမ်အဖြစ် ကန်ဒေါ်လာ ၁၇၀၀၀ (တစ်သောင်းခုနစ်ထောင်ကို) ကို နီပေါနိုင်ငံ သို့လွှဲအပ်ပြီးဖြစ်ကာ၊ဇွန်လနောက်ဆုံးပတ်တွင် ကျန်လှူဒါန်းငွေ ကန်ဒေါ်လာ ၃၅၅၀၀(သုံသောင်း ငါးထောင့်ငါးရာ)ကိုလွှဲအပ်သွားမည်ဖြစ်သည်။ ယင်းအလှူငွေများကို  မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု  ဘဏ်မှ တစ်ဆင့် နီပေါဝန်ကြီးချုပ်ရုံးဘဏ်အကောင့်မှ လွှဲအပ်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် နီပေါ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲအပ်မည်ဖြစ်သည်။

ကြီးမားသောငလျင်ဒဏ် ခံခဲ့ရသည့်နီပေါလ်နိုင်ငံရှိ အသက်မသေကျန်ရစ်ခဲ့သော ကပ်ဘေး ဒုက္ခသည်များ အတွက် ရေနဲ့ အခြေခံ အစားအစာ လိုအပ်မှုများ မြင့်မားနေပီး နိုင်ငံတကာ အကူ အညီပေးရေး အတွက် လည်း လေဆိပ်အပါအဝင် လမ်းပမ်း ဆက်သွယ်ရေး အခက်အခဲများ တွေ့ကြုံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly