ထိုင်းတွင် အိုမန်နိုင်ငံသား၌ မားစ်ရောဂါတွေ့ရှိပြီးနောက် လူူ ၃၃ ဦးကို ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်နေ

ထိုင်းတွင် အိုမန်နိုင်ငံသား၌ မားစ်ရောဂါတွေ့ရှိပြီးနောက် လူူ ၃၃ ဦးကို ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်နေ

ဘန်ကောက်၊ ဇန်နဝါရီ ၂၆ ။           ။ ထိုင်းတွင် ဆေးဝါးအကူအညီအတွက် ရောက်လာသော အိုမန်နိုင်ငံသား အမျိုးသားတစ်ဦးတွင် မားစ်ရောဂါစစ်ဆေး တွေ့ရှိပြီးနောက် လူ ၃၃ ဦးကို ရောဂါခြေ ချုပ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း ထိုင်းကျန်းမာရေးအာဏာပိုင်များက ဇန်နဝါရီ ၂၆ တွင် ပြောကြားခဲ့သည်။

အသက် ၇၁ နှစ်အရွယ် အမည်ဖော်ပြမထားသော ယင်းအမျိုးသားသည် အိုမန်ရှိဆရာဝန်များ မကုနိုင်သော အဖျားရောဂါတစ်ခုဖြင့် ဇန်နဝါရီ ၂၂က ထိုင်းသို့ရောက်ရှိလာခဲ့သည်ဟု ထိုင်းအရာ ရှိများက ပြောသည်။ ယင်းအမျိုးသားနှင့် ထိတွေ့ဖွယ်ရှိသည့် လူ ၃၀ကျော်ကို သီးခြားခွဲ၍ စောင့်ကြည့်မည်ဖြစ်သည်။

စောင့်ကြည့်နေသောသူ ၃၃ ဦးရှိသည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၂၆ တွင် ထုတ်ပြန်သည်။ ယင်းအမျိုးသားနှင့် ထိတွေ့ဖွယ်ရှိသူ အနည်းဆုံး ၄၀ရှိမည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။၎င်းတို့တွင် လေယာဉ်ပေါ်မှ ခရီးသည် ၂၂ဦး၊ တက္ကဆီမောင်းသူ နှစ်ဦး၊ ဟိုတယ်ဝန်ထမ်း လေးဦး၊ ဆေးရုံဝန်ထမ်း ၁၁ ဦးနှင့် ဆွေမျိုးတစ်ဦးတို့ ပါဝင်သည်။

မားစ်ရောဂါသည် ၂၀၁၂ခုနှစ်က ဆော်ဒီအာရေဘီးယားတွင် ပထမဆုံးပေါ်လာခဲ့သည်။ မားစ်ရောဂါသည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်က အာရှတွင် လူရာပေါင်းများစွာကို သေဆုံးစေခဲ့သော ဆားစ်ရောဂါ၏ မျိုးကွဲတစ်ခုဖြစ်သည်။ လွန်ခဲ့သောနှစ်က တောင်ကိုရီးယားတွင် လူ ၁၈၆ ဦး မားစ်ရောဂါကူးစက်ခံရပြီး ၃၆ ဦးသေဆုံးခဲ့သည်။ ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်ရသူမှာ ၁၇,၀၀၀ကျော် အထိရှိသည်။ မကြာသေးခင်ကမှ ရောဂါဖြစ်ပွားမှုမရှိတော့ကြောင်း ကြေညာခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly