ပုဒ်မ ၄၃၆ (က) ကို မဲခွဲသည့်နေ့တွင် ခွင့်တိုင်သည့် အမတ်များ

ပုဒ်မ ၄၃၆ (က) ကို မဲခွဲသည့်နေ့တွင် ခွင့်တိုင်သည့် အမတ်များ
ဇွန် ၂၅ ရက်။ ပြည်ထောင်စုလွှတ်တော်၌ ပုဒ်မ ၄၃၆ အား ပြင်မပြင် မဲပေးနေကြစဉ်။ မဇ္စျိမ။

နေပြည်တော်၊ ဇွန် ၂၅ ။      ။ ပုဒ်မ ၄၃၆(က)ကို မဲခွဲဆုံးဖြတ်သည့် ဇွန်လ ၂၅ရက်တွင် ပြည်ထောင်စုလွှတ်တော်အမတ်စုစုပေါင်း ၆၃၃ဦးရှိသည့်အနက် လွှတ်တော်အမတ် ၅၀ဦးမှာ ခွင့်တိုင်ကြားကာ လွှတ်တော်သို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

တက်ရောက်ခြင်းမရှိသည့် လွှတ်တော်အမတ် ၅၀ဦးအနက် ၃၅ဦးမှာ ပြီးခဲ့သည့်ရက်ကတည်းက ခွင့်တိုင်ထားသူများဖြစ်ပြီး ၁၄ ဦး မှာ ဇွန်လ ၂၅ရက်ရောက်မှသာ ခွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လပွတ္တာမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးဇော်ထွန်း မှာလည်း မဲခွဲဆုံးဖြတ်မည့် ညနေပိုင်းတွင် နေ့တစ်ဝက်ခွင့်ယူခဲ့သည်။ ခွင့်တိုင်ကြားသူ လွှတ်တာ်အမတ် ၁၅ ဦး မှာ အောက်ပါအတိုင်းဖြစ်သည်။

ဦးဇော်ထွန်း

လပွတ္တာမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့လွှတ်တော်အမတ်  (ညနေပိုင်းနေ့တစ်ဝက်ခွင့်)

ဦးသန်းဦး

မြဝတီမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့လွှတ်တော်အမတ်  

ဦးသန်းမြင့်

ဆားလင်းကြီးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့လွှတ်တော်အမတ်

ဒေါက်တာဝင်းမြင့်

လှိုင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့လွှတ်တော်အမတ်

ဦးကျင်ဝမ်း

ဟိုပန်မြို့နယ်၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့လွှတ်တော်အမတ်

ဦးစိုင်းသီဟကျော်

မိုင်းရယ်မြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့လွှတ်တော်အမတ်

ဦးထွန်းဆာ(ခ) ဦးစိုင်းထွန်းဝင်း

တန့်ယန်းမြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့လွှတ်တော်အမတ်

ဒေါ်ခင်သန်းမြင့်

ငပုတောမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့လွှတ်တော်အမတ်

ဦးဂျေယောဝူ

ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၂၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားလွှတ်တော်အမတ်

ဒေါ်နန်းနီနီအေး

ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၆၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားလွှတ်တော်အမတ်

ဦးစိုးသက်

တနင်္သာရီတိုင်းမဲဆန္ဒနယ်အမှတ် ၁၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားလွှတ်တော်အမတ်

ဦးအောင်သန်း

မကွေးတိုင်းမဲဆန္ဒနယ်အမှတ် ၁၀၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားလွှတ်တော်အမတ်

ဦးမြင့်လှိုင်

ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၂၊ တသိပုဂ္ဂလ၊ အမျိုးသားလွှတ်တော်အမတ်

ဦးထွန်းကျော်

ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၁၀၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊ အမျိုးသားလွှတ်တော်အမတ်

ဦးစိုင်းစံမင်း

ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ် ၃၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ အမျိုးသားလွှတ်တော်အမတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly