အလောင်း ၁၃ လောင်းတွေ့ရှိပြီးနောက် မှောက်သောလှေကို မလေးရှား ရှာနေ

အလောင်း ၁၃ လောင်းတွေ့ရှိပြီးနောက် မှောက်သောလှေကို မလေးရှား ရှာနေ

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၆ ။            ။ မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟော်ပြည်နယ်ရှိ ကမ်းခြေတစ်ခုသို့ အလောင်း ၁၃ လောင်း လာတင်ပြီးနောက် လူ ၃၅ ယောက်အထိ တင်ဆောင်နိုင်သော မှောက်သွားသည့် လှေတစ်စင်းကို မလေးရှားအာဏာပိုင်များက ဇန်နဝါရီ ၂၆ တွင်စတင်ရှာဖွေသည်။

ထိုနေ့အစောပိုင်းက ဘန်ဒါပီနာဝါမြို့အနီး ကမ်းခြေတစ်ခုတွင် အလောင်းများက ရဲများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လှေမှာ အင်ဒိုနီးရှားမှ လာခြင်းဖြစ်ပြီး တရားမဝင် ရွှေ့ပြောင်းအခြေချသူများကို တင်ဆောင်လာခဲ့သည်ဟု ခရိုင်ရဲတပ်ဖွဲ့အကြီးအကဲ ရာမက်အော့သ်မန်က ပြောသည်။

လှေပေါ်တွင် လူ၃၅ယောက်အထိ တင်ခဲ့သည်ဟု ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ လှေမှာ အားပြင်းသည့်လှိုင်းများရိုက်ခတ်မှုကြောင့် မှောက်သွားခဲ့ခြင်းဖြစ်သည်ဟု ဂျာကာတာရှိ အာဏာပိုင်များက ပြောသည်။ သေဆုံးသူများ ထံမှအင်ဒိုနီးရှားမှ အိုင်ဒီကတ်များတွေ့ရှိရကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောခွင့်ရပုဂ္ဂိုလ် အာမာနာသာနာဆီယာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly