သုဝဏ္ဏဘူမိလေဆိပ်တွင် အရှေ့အလယ်ပိုင်းမှ လေယာဉ်များကို မားစ်ရောဂါအတွက် သီးသန့်စစ်ဆေး

သုဝဏ္ဏဘူမိလေဆိပ်တွင် အရှေ့အလယ်ပိုင်းမှ လေယာဉ်များကို မားစ်ရောဂါအတွက် သီးသန့်စစ်ဆေး

ဘန်ကောက်၊ ဇန်နဝါရီ ၂၆ ။            ။ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်တွင် အရှေ့အလယ်ပိုင်းမှ ဆိုက်ရောက်ခရီးသည်များကို မားစ်ရောဂါစစ်ဆေးရန် စစ်ဆေးရေးအုပ်စုနှစ်စုကို Airports of Thailand Plc AoT က သီးသန့်ချထားသည်။

နောက်ထပ်မားစ်ရောဂါဖြစ်ပွားသူတစ်ဦးသည် အရှေ့အလယ်ပိုင်းမှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာ၍ ယင်းဒေသမှ ဆိုက်ရောက် လေယာဉ်များကို့ ဖွဲ့စည်းထားသည့် E နှင့် G အုပ်စုများ၏ စစ်ဆေးရမည်ဖြစ်ကြောင်း AoT ဥက္ကဌ နီတီနိုင်းသီရိမတ်သာခန်က ဇန်နဝါရီ ၂၅ ရက်က ပြောသည်။

အပူတိုင်းစကရင်များနှင့် အတွေ့အကြုံရှိ ဝန်ထမ်းများနှင့်အတူ စကရင်ဖတ်ရှုစစ်ဆေးရာအထူးရုံကို တည်ဆောက်ထားပြီး ခရီးသည်အသီးသီး၏ အခြေအနေကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယခုကဲ့သို့ သုဝဏ္ဏဘူမိဘူမိတွင် အထူးကြပ်မတ်မှုလုပ်ဆောင်ရခြင်းသည် အရှေ့အလယ်ပိုင်းမှ လေယာဉ်များက ယင်းလေဆိပ်သို့ အများစု ဆင်းသက်ခြင်းကြောင့်ဖြစ်ကြောင်း နီတီနိုင်းက ပြောသည်။

AoT အနေဖြင့်လည်း ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင်၊ ဖူးခက်နှင့် ဆွန်ခလာတို့ရှိလေဆိပ်များတွင်လည်း အပူတိုင်းစကရင်များဖြင့် ကိုယ်အပူချိန် မြင့်မားနေသည့် ခရီးသည်များကို စစ်ဆေးစောင့်ကြည့် လျက်ရှိကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly