လက်ပံတောင်းတောင် အရေး ဆန္ဒဖော်ထုတ်သူ ငါးဦးကို လသာတရားရုံးတွင် ငါးကြိမ်မြောက် ရုံးထုတ်

လက်ပံတောင်းတောင် အရေး ဆန္ဒဖော်ထုတ်သူ ငါးဦးကို လသာတရားရုံးတွင် ငါးကြိမ်မြောက် ရုံးထုတ်

ရန်ကုန်၊ ဇွန် ၂၅ ။          ။ လက်ပံတောင်းတောင်အရေး တရုတ်သံရုံးရှေ့ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည့်  ဗိုလ်ကြီးဟောင်း နေမျိုးဇင် အပါအဝင်  ဆန္ဒပြတောင်းဆိုသူ ငါးဦးကို လသာတရားရုံး ငါးကြိမ်မြောက် ရုံးချိန်တွင် တရားလိုပြသက်သေ စစ်ဆေးပြီးနောက်  ဇွန် ၃၀ ရက်ကို  ထပ်မံချိန်းဆိုလိုက်သည်ဟု  ပါဝင်သူ တစ်ဦးဖြစ်သည့် ကိုတင်ထွဋ်ပိုင်က မဇ္ဈိမကိုပြောသည်။

ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ခဲ့သည့်  ဦးနေမျိုးဇင်၊ကိုတင်ထွဋ်ပိုင်၊ ဒေါ်နော်အုန်းလှ၊ ဦးသန်းဆွေ၊ ဦးဘမြင့် တို့ကို  ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ကိုတင်ထွဋ်ပိုင်က  " ဒီမိုကရေစီ အစိုးရက ဆန္ဒပြခြင်းကို လက်ခံယူနိုင်ခြင်း မရှိသေဘူး။ တောင်း ဆိုသူတွေကို  လိုက်လျှောခြင်း မရှိပဲ၊တရားစွဲဆိုတာက မှားယွင်းနေတယ်လို့မြင်တယ်"ဟု  ပြောသည်။

ငါးကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေ တစ်ဦးကို စစ်ဆေးခဲ့သည် ဟုလည်း ကိုတင်ထွဋ်ပိုင်၏ ဇနီး မယဉ်မျိုးနိုင် က မဇ္ဈိ မကိုပြောသည်။

ပြီးခဲ့သည့် မေလ ၁၅ ရက်ကလည်း လက်ပံတောင်းတောင်အရေး တရုတ်သံရုံး ရှေ့ဆန္ဒဖော် ထုတ်ရာတွင်ပါဝင်ခဲ့သည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့်  ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ဒေါ်စန်းစန်းဝင်း၊ ဦးသန်းဆွေ နှင့် ကိုတင်ထွဋ်ပိုင်တို့ ကို နိုင်ငံတော်အကြည် အညိုပျက်စေမှု အပါအဝင် ပုဒ်မလေးခုဖြင့် အလုပ်နှင့်ထောင်ဒဏ် လေးနှစ် နှင့်လေးလကျခံစေရန် ဒဂုံမြို့နယ်တရားသူကြီးက အမိန့်ချမှတ် ခဲ့သေး သည်။

ယင်းနေ့ကလည်း အမိန့်ချသည့်နေ့တရားရုံးဝန်းကျင်တွင် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကိုယ်တိုင်ကြီးကြပ်၍ ရဲတပ်ဖွဲ့အင်အား ၆၀ နီးပါးခန့်လုံခြုံရေးရယူထားပြီး ဆန္ဒဖော်ထုတ် သည်ကိုတားဆီးရာမှ ၎င်းတို့နှင့် ရဲတပ်ဖွဲ့ဝင်များ တင်းမာမှု အနည်းငယ်ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၉ ရက်က လက်ပံတောင်း တောင်အရေးနှင့် ဒေါ်ခင်ဝင်း သေနတ်ဒဏ်ရာဖြင့်သေဆုံးခဲ့မှုအတွက် တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ဦးနေမျိုးဇင် အပါအဝင် ၇ ဦးကိုဒီဇင်ဘာ ၃၀ ရက်တွင် ဒဂုံမြို့မရဲစခန်းမှ အမှုဖွင့်ပြီး တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကာ အခြားမြို့နယ်များတွင်မူ ၎င်းတို့ကို ငြိမ်းချမ်းစွာ စီတန်းလှည့် လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် တရားစွဲထားခြင်းဖြစ်သည်။

၂၀၁၄ ဒီဇင်ဘာ ၂၂ ရက်က လက်ပံတောင်းတောင်နယ်မြေအ တွင်း ထပ်မံ ဖြစ်ပွားခဲ့သည် တစ်ကျော့ပြန်ဖြစ်ပွား ခဲ့သည် မြေယာလျော် ကြေးရယူခြင်းမရှိသော လယ်ယာ မြေပေါ်၌ ခြံစည်းရိုး ခတ်ခြင်းကြောင့် ဒေသခံများက တားဆီးသဖြင့်  ရဲတပ်ဖွဲ့များအကြား အ ပြန်အလှန်ပစ်ခတ် တိုက်ခိုက် ရာ ရဲတပ်ဖွဲ့မှပစ်လိုက်သောသေနတ် ကျည်ဆန် ဒေါ်ခင်ဝင်း၏ ဦးခေါင်းကို ထိမှန်ကာ သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly