သတ္တုတွင်းတွင် တစ်လအကြာပိတ်မိနေသည့် တရုတ်လုပ်သား ၄ ဦးကိုကယ်ရန် ကပ်စူးတောင့်များ အဆင်သင့်ဖြစ်ပြီ

သတ္တုတွင်းတွင် တစ်လအကြာပိတ်မိနေသည့် တရုတ်လုပ်သား ၄ ဦးကိုကယ်ရန် ကပ်စူးတောင့်များ အဆင်သင့်ဖြစ်ပြီ

ပေကျင်း၊ ဇန်နဝါရီ - ၂၅ ။        ။ ဇန်နဝါရီလ ၂၃ ရက်နေ့က အာဏာပိုင်များ၏ ပြောကြားချက်အရ ပြိုကျသွားသည့် စကျင်ကျောက်တွင်းတွင် တစ်လနီးပါး ပိတ်မိနေခဲ့ကြသည့် သတ္တုတွင်းလုပ်သား ၄ယောက်ကို ထုတ်ယူရန်အတွက် နောက်ဆုံးအဆင့်ဖြစ်သည့် လူ့အရွယ်အစား ကပ်စူးတောင့်များကို ကယ်ဆယ်ရေးလုပ်သားများက ပြင်ဆင်နေပြီဖြစ်သည်ဟု ဆိုသည်။

နိုင်ငံပိုင် စီစီတီဗွီသတင်းဌာနက ကယ်ဆယ်ရေးအရာရှိများကို ကိုးကားဖော်ပြချက်အရ အနီရောင် ကပ်ဆူးတောင့်ကို အရပ် ၆ပေ ၃လက်မရှိသည့် လူတစ်ဦး လိုက်ပါနိုင်အောင် ပုံစံထုတ် ထားပြီး၊ လျှောတံခါးတပ်ဆင်ထားကာ မြေပြင်နှင့် ဆက်သွယ်နိုင်အောင် တယ်လီဖုန်းစနစ်လည်း ပါရှိသည်ဟု ဆိုသည်။

ကျောက်တွင်းထဲသို့ ချလိုက်ပြီဆိုသည်နှင့် ဤကပ်စူးတောင့်က ပိတ်မိနေသည့် သတ္တုတွင်းလုပ်သားများကို အောက်အနက် ၇၂၂ပေ အနက်မှနေ၍ မြေပြင်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် မတင်ပေး မည်ဖြစ်သည်။ ၂၀၁၀ခုနှစ်က ချီလီသတ္တုတွင်းတစ်ခုတွင် နှစ်လကျော် ပိတ်မိနေခဲ့သည့် အလုပ်သမားများကို ကယ်ဆယ်စဉ်ကနှင့် ဆင်တူသည့် နည်းပညာကို အသုံးပြုထားသည်ဟု ဆိုသည်။

အစစအရာရာ အဆင်ပြေချောမွေ့သွားခဲ့ပါက အလုပ်သမားတစ်ယောက်ကို တစ်ကြိမ်သယ်ထုတ်လျှင် ၅မိနစ်သာ ကြာမြင့်နိုင်မည်ဖြစ်သည်ဟု တရုတ် ကယ်ဆယ်ရေးအရာရှိများက ပြောကြားခဲ့သည်။   

ရှန်တုန်ပြည်နယ် ဖျင့်ရီခရိုင်တွင် ဒီဇင်ဘာ ၂၅ရက်နေ့က ကျောက်တွင်း ပြိုကျခဲ့ရာတွင် ၁၁ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး တစ်ယောက် သေဆုံးခဲ့သည်။ အလုပ်သမား ၁၇ယောက်မှာ မြေအောက်တွင် ပိတ်မိနေဆဲဖြစ်သည်ဟု ယူဆရသော်လည်း ၁၃ယောက်မှာ ပျောက်ဆုံးနေသည်။

အပေါက်ဖောက်သည့် လုပ်ငန်းပြီးစီးပြီး၊ လုံခြုံရေးကို စေ့စေ့စပ်စပ် စစ်ဆေးပြီးပါက ကယ်ဆယ်ရေးသမားများက ကပ်စူးကို မြေအောက်သို့ စချမည်ဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly