ထိုင်းနိုင်ငံက မဘသ ရေဒီယိုအသံလွှင့်နိုင်ရန် ကူညီမည်

ထိုင်းနိုင်ငံက မဘသ ရေဒီယိုအသံလွှင့်နိုင်ရန် ကူညီမည်
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမတစ်ဦး ထိုင်းနိုင်ငံသား ၆ ဦးတို့မှ ကားတင်ပြေးပြီး အဓမ္မကျင့်သည့်ကိစ္စနှင့် ပက်သက်ပြီး ရန်ကုန်မြို့ တာမွေမြို့နယ်ရှီ ဗိုလ်စိန်မှန်အားကစားကွင်းတွင် မျိုးချစ်လူငယ်များနှင့် သံဃာတော်များ ၂၀၁၅ ခုနှစ် ဂျွန်လ ၁၆ ရက်က ဆန္ဒထုတ်ဖော်နေကြသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ -ဟောင်ဆာ(ရာမည)

ဇွန် ၂၅ ။      ။ သံဃာတော်များဦးဆောင်နေသည့် မဘသ ခေါ် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ၎င်းတို့၏ အမြင်သဘောထားများကို ဖြန့်ချိနိုင်ရန် ရေဒီယိုအသံလွှင့်ရုံတည်ထောင်နိုင်ရေးအတွက် ထိုင်းနိုင်ငံမှ National Thai Buddhism and Culture Mass Media Association အဖွဲ့မှ အကူအညီပေးမည်ဟု သိရသည်။

ပြီးခဲ့သည့်ရက်ပတ်အတွင်း ရန်ကုန်မြို့၌ ကျင်းပခဲ့သော နှစ်ရက်ကြာ မဘသအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းသံဃာတော်များက ထိုင်းဘတ်ငွေ တစ်သန်းခွဲ တန်ဖိုးရှိ ရေဒီယိုအသံလွှင့်ဌာနဆိုင်ရာ ပစ္စည်းများကူညီမည်ဟု ကတိပြုခဲ့ကြောင်း အေအက်ပီသတင်းတပုဒ်ကဆိုသည်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags