ပေကျင်း၊ ဇွန် ၂၅ ။ ။ တရုတ်က ၎င်း၏ပိုင်နက်ဟု ပြောကြားထားသော ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကို အမေရိကန် စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ရန် အားပေးသည့် ဥပဒေကြမ်းတစ်ခုကို အမေရိကန်အထက်လွှတ်တော်က အတည်ပြုလိုက်ရာ ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါသထွက်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက ဇွန် ၂၅ တွင်ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်က ပေကျင်းရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုမှုကို လိုလားချိန် ဝါရှင်တန်နှင့် ထိုင်ဝမ်ပုံမှန်ဆက်ဆံရေး ထိခိုက်ချိန် ၁၉၇၉ခုနှစ်က ပြဋ္ဌာန်းခဲ့သော Taiwan Relations Act ဥပဒေအရ အမေရိကန်သည် ထိုင်ဝမ်၏ကိုယ့်ကိုယ် ကိုယ်ကာ ကွယ်မှုတွင် ကူညီရန်တာဝန်ရှိသည်။ ဝေဟင်မှ ဝေဟင်တိုက်ခိုက်မှုလေ့ကျင့်ရေးအပါအဝင် စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်ရန် ထိုင်ဝမ်ကို အားပေးသင့်သည်ဟု လွန်ခဲ့သည့် သီတင်းပတ်က ပြဋ္ဌာန်းခဲ့သော အထက်လွှတ်တော် ဥပဒေကြမ်းတွင်ဖော်ပြထား သည်။
ထို့အပြင်လေ့ကျင့်မှုများတွင် မြေပြင်တပ်ဖွဲ့များ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် ထောက်လှမ်းရေးလေယာဉ် များပါဝင်သည် ဟု ဖော်ပြသည်။
"ထိုင်ဝမ်နဲ့ ဘယ်လိုစစ်ရေးဆက်ဆံမှုမျိုးမဆိုပြုလုပ်တဲ့နိုင်ငံမှန်သမျှ ကျွန်တော်တို့လုံးဝဆန့်ကျင်ပါတယ်" ဟု လစဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကာကွယ်ရေးဝန်ကြီးဋ္ဌာနပြောခွင့်ရပုဂ္ဂိုလ် ယန်ယုကျွန်က ပြောကြားခဲ့သည်။
ထိုင်ဝမ်နှင့် ဆက်ဆံရေးတွင် အမေရိကန်အနေဖြင့် ၎င်း၏ကတိကဝတ်များကို လိုက်နာရန် အမေရိကန်ကို ထိုင်ဝမ်ကို တိုက်တွန်း ခဲ့သည်။ အမေရိကန်သည် ထိုင်ဝမ်ပြသနာကို သင့်လျော်စွာကိုင်တွယ်ပြီး အမေရိကန်-တရုတ်စစ်ရေးဆက်ဆံမှုဖွဲ့ဖြိုးရေး အမှန် တကယ်ဆောင်ရွက်ရန်လည်း ယန်က ထပ်မံပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်းက ထိုင်ဝမ်သို့ အမေရိကန်က လက်နက်များရောင်းချခဲ့မှုကိုလည်း တရုတ်က ပြင်းထန်စွာဝေဖန်ခဲ့ သည်။
သို့သော်လည်း အမေရိကန်-တရုတ်ဆက်ဆံရေးနှင့် တရုတ် ထိုင်ဝမ်ဆက်ဆံရေးကိုမူ ရေရှည်ထိခိုက်မှုမဖြစ်ပေါ်ခဲ့ပေ။ သို့သော်လည်း ထိုင်ဝမ်ကို ၎င်း၏ထိန်းချုပ်မှုအောက်ပြန်လည်ရောက်ရှိရေး အင်အားအသုံးပြုမှုကို မည်သည့်အခါမျှ စွန့်လွှတ် မည်မဟုတ်ဟု တရုတ်က ပြောကြားထားသည်။
ထိုင်ဝမ်နှင့် တရုတ်တို့သည် ၂၀၀၈ခုနှစ်ကတည်းက သမိုင်းဝင် ကုန်သွယ်ရေးနှင့် စီးပွားရေးသဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း နိုင်ငံရေးနှင့် စစ်ရေးတွင် သံသယများ နက်ရှိုင်းစွာရှိနေဆဲဖြစ်သည်။