လွှတ်တော် အမတ်အသစ်များ နေပြည်တော်သို ့စတင်ရောက်ရှိ

လွှတ်တော် အမတ်အသစ်များ နေပြည်တော်သို ့စတင်ရောက်ရှိ

နေပြည်တော်၊ဇန်နဝါရီ ၂၅ ။          ။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်စတင်မည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော် ပုံမှန် အစည်းအဝေးများသို့ တက်ရောက်ရန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော်အမတ် အသစ်များသည် ဇန်နဝါရီ ၂၄ ရက်နေ့ ညနေပိုင်းမှစတင်ကာ နေပြည်တော်သို့ရောက်ရှိလာကြသည်။

တိုင်းရင်းသားပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ နှင့် NLD ပါတီလွှတ်တော် ကိုယ်စားပြုကိုယ်စားလှယ်များသည် နေပြည်တော် စည်ပင်ရိပ်သာတွင် အများစုနေထိုင်ကြမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုး ပါတီလွှတ်တော်ကိုယ်စားလှယ်အသစ်အများစုသည် ပါတီဌာနချုပ်ရုံးတွင်နေထိုင်ကြမည်ဖြစ်ကာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အများစုသည် ပုဗ္ဗသီရိမြို့နယ် ၊ ရွာတော်ရှိ အမှတ် ( ၇) တည်းခိုရေးစခန်း တွင်နေထိုင်ကြမည်ဖြစ်သည်။

ပြည်နယ် နှင့် တိုင်းများ မှ ရောက်ရှိလာသည့် ကိုယ်စားလှယ်အသစ်များကို စိစစ်ရေးကတ်များထုတ်ပေးခြင်း ၊ အသိအမှတ်ပြုလွှာများ ထုတ်ပေးခြင်း ၊ ခရီးစရိတ်ကုန်ကျငွေများ ပြန်လည်ထုတ်ပေးခြင်း များကို နေပြည်တော်ရှိ ကိုယ်စားလှယ်များနေထိုင်သည့် နေရာသုံးနေရာ နှင့် လွှတ်တော်ရုံး အမှတ် (၂၀) တွင် လွှတ်တော်ရုံး ဝန်ထမ်းများ မှဆာင်ရွက်ပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly