ဆဌမမြောက် တေးသီချင်းအယ်လ်ဘမ် ထွက်ရှိရန် အဆင့်သင့်ဖြစ်နေပြီဟု ဘီယွန်စေးပြော

ဆဌမမြောက် တေးသီချင်းအယ်လ်ဘမ် ထွက်ရှိရန် အဆင့်သင့်ဖြစ်နေပြီဟု ဘီယွန်စေးပြော

ဇန်နဝါရီ ၂၃ ။          ။ ကမ္ဘာကျော်အဆိုတော် ဘီယွန်းစေးက ၎င်း၏ ဆဌမမြောက် တေးသီချင်းအယ်လ်ဘမ် ထွက်ရှိ ရန် အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် နောက်ထပ်တစ်ကြမ် ပရိတ်သတ်များ အားလုံးကို အံ့သြသွား အောင် လုပ်ချင်ကြောင်း ပြောကြားခဲ့သည်။

ဘီယွန်းစေးသည် အဒဲလ်ကို “25” တေးသီချင်းအယ်လ်ဘမ်ဖြင့် အောင်မြင်မှုရရှိနေမှုကို မြင်တွေ့လိုသည့်အတွက် ၎င်း၏ တေးသီချင်းအယ်လ်ဘမ် ထွက်ရှိမှုကို နောက်ဆုတ်ခဲ့ခြင်းဖြစ် ကြောင်း The Sun သတင်းဌာနက ပြောကြားသည်။

“ဘီယွန်စေးဟာ သူမရဲ့ တေးသီချင်းအယ်လ်ဘမ် ထွက်ရှိမှုကို ရွှေ့ဆိုင်းခဲ့တယ်။ ယခုအခါ တေးသီချင်းအယ်လ်ဘမ်ထွက်ရှိဖို့ အဆင့်သင့်ဖြစ်နေပါပြီ။တေးသီချင်းအယ်လ်ဘမ်ဟာ ၂၀၁၅ ခုနှစ် အကုန်တွင် ပြီးစီးခဲ့တယ်။ ဒါပေမဲ့  အဒဲလ်ကို ဂုဏ်ပြုလိုတဲ့အတွက် တေးအယ်လ်ဘမ်ထွက်ရှိမှုကို ရွှေ့ဆိုင်းခဲ့တယ်။”ဟု တေးဂီတ အတွင်းလူတစ်ဦးက The Sun သတင်းစာကို ပြောကြားခဲ့သည်။

“ဘီယွန်စေးဟာ တေးအယ်လ်ဘမ် ထွက်ရှိမှုအပေါ် ဖိအားပေး လုပ်ဆောင်တာမရှိဘူး။ ဒီအချိန်ဟာ အဲဒဲလ်ရဲ့ အောင်မြင်နေတဲ့ အချိန်ဖြစ်တယ်လို့ သူနဲ့ သူရဲ့အဖွဲ့က သိထားတယ်။ယခုအခါ အဒဲလ်ရဲ့ တေးသီချင်းအယ်လ်ဘမ် ရောင်းချရမှုဟာ စတင်ကျဆင်းနေတယ်။ဘီယွန်စေးဟာ ဘယ်အ ချိန်မဆို သူမရဲ့တေးအယ်လ်ကို ထွက်ရှိဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ လာမယ့်လတွင် ကျင်းပပြုလုပ်မယ့်  Super Bowl ဖျော်ဖြေပွဲတွင် ကြေညာသွားနိုင်မယ့် အခွင့်အရေးပိုများတယ်” ဟု အတွင်းလူက ပြောကြားသည်။

ဘီယွန်စေးသည် ဖေဖော်ဝါရီတွင် ၇ရက် Super Bowl ဘောလုံးပြိုင်ပွဲ ပထမပိုင်းအားလပ်ချိန် ဖျော်ဖြေပွဲတွင် Coldplay အဖွဲ့နှင့်အတူ ပူးပေါင်းတင်ဆက်မည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့ပြီး လူအများက ဘီယွန်စေးသည် တေးသီချင်းအယ်လ်ဘမ်သစ်နှင့် ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်တို့ကို ကြေညာသွားမည်ဟု တွေးထင်ထားကြသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ဘီယွန်စေးသည် တေးဂီတဗီဒီယို ၁၄ ပုဒ်ပါဝင်သည့် ၎င်း၏ ပဉ္စမ မြောက် တေးသီချင်း အယ်လ်ဘမ်ကို ထွက်ရှိခဲ့ပြီး ပရိတ်သတ်များ အားလုံးကို အံ့သြအောင် လုပ်ခဲ့ သည်။ ယင်းတေးသီချင်း အယ်လ်ဘမ်သည် ၂၄ နာရီအတွင်း အချပ်ရေ တစ်သန်းဝက်ခန့် ရောင်းချနိုင် ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် အချပ်ရေ ငါးသန်းခန့် ရောင်းချနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly