ပြည်သူများ ရှားပါးချို့တဲ့နေသော်လည်း မြောက်ကိုရီးယားက လေဆိပ်သစ်ကြီး ဖွင့်လှစ်

ပြည်သူများ ရှားပါးချို့တဲ့နေသော်လည်း မြောက်ကိုရီးယားက လေဆိပ်သစ်ကြီး ဖွင့်လှစ်

ပြုံယမ်း၊ ဇွန်-၂၅ ။     ။ နိုင်ငံပိုင်မီဒီယာများမှာ မြောက်ကိုရီးယားလေဆိပ်သစ်ကြီး၏ ပသာဒဖြစ်ဖွယ်ပုံများကို ပုံနှိပ်ဖော်ပြလာခဲ့ သလို၊နေ့စဉ်သတင်းစာ Rodong Sinmun မှာလည်း ခေါင်းဆောာင် ကင်ဂျုံအွန်နဲ့ သူ့ဇနီးသည်တို့ စားသောက်ဆိုင်များနဲ့ ဈေးဆိုင် များကို ကြည့်ရှုစစ်ဆေးနေသည့်ပုံများကို စာမျက်နှာများစွာပေး၍ ဖော်ပြလာခဲ့ကြသည်။

မကြာသေးမီနှစ်များအတွင်း မြောက်ကိုရီးယားက ဧရာမအဆောက်အအုံ စီမံကိန်းကြီးများကို ဖွင့်လှစ်လာခဲ့သော်လည်း ပြည်သူ များမှာမူ ဆင်းရဲသော ဘဝအခြေတွင်သာ နေထိုင်နေကြရဆဲဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားခဲ့သည်။

လေကြောင်းခရီးစဉ်အနည်းငယ်အတွက်သာ ဝန်ဆောင်မှုပေးမည့် ယခုလေဆိပ်အသစ်ကို ဇူလိုင် ၁ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ယခုလအစောပိုင်းကမူ နှစ်၁၀၀အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း အစိုးရမီဒီယာက ပြောကြား လိုက်သောကြောင့် စားနပ်ရိက္ခာ ရှားပါးပြတ်လပ်မှု ပိုမိုဆိုးရွားသွားမည်ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့ရသည်။

အာဏာရ အလုပ်သမားပါတီ (Workers’ Party)၏ တရားဝင်နေ့စဉ်သတင်းစာဖြစ်သည့် ဇွန်၁၈ရက်နေ့ထုတ် Rodong Sinmun သတင်းစာ၏ စာမျက်နှာသုံးမျက်နှာစလုံးမှာ လေဆိပ်အတွင်း လိုက်လံပြသခံနေသည့် ကင်ဂျုံအွန်နှင့် ဇနီးသည် ရီဆိုဂျုတို့၏ ပုံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။  

မြောက်ကိုရီးယားသို့ အဝင်အထွက် လေကြောင်းခရီးစဉ် အနည်းငယ်မျှသာရှိပြီး၊ အများစုမှာလည်း တရုတ်ကမ္ဘာလှည့်များနှင့် တရားဝင်လုပ်ငန်းကိစ္စနှင့် ခရီးသွားသည့် မြောက်ကိုရီးယားများကို ပြုံယမ်းနှင့် ပေကျင်းကြား သယ်ပို့ပေးရသည့် ခရီးစဉ်များ သာဖြစ်သည်။

မစ္စတာကင်ကမူ ထိုလေဆိပ်အဆောက်အအုံကို ဆုန်ဂွန်း (စစ်တပ်-ပထမ)ခေတ်၏ သမိုင်းမှတ်တိုင်တစ်ခုဟု ပြောဆိုခဲ့သည်ဟု ကိုရီးယား ဗဟိုသတင်းအေဂျင်စီ (KCNA)က ဖော်ပြခဲ့သည်။

အမျိးသားလက္ခဏာလည်းပေါ်၊ ခေတ်သစ်ဗိသုကာနှင့်လည်း လျော်ညီအောင် တည်ဆောက်ထားသည့် လေဆိပ်ကြီးကိုမြင် ရသည်ကို အလွန်ကျေနပ်မိကြောင်း ကင်က ဝန်ထမ်းများနှင့် အရာရှိများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

၂၀၁၁ခုနှစ် အာဏာရလာစဉ်မှစ၍ အထီးကျန်နိုင်ငံတွင် လူနေမှုအဆင့်အတန်းများကို မြှင့်တင်ပေးမည်ဟု ကတိပြုခဲ့သော် လည်းနှင်းလျှောစီးအပန်းဖြေစခန်းများနှင့် ရေပန်းခြံများလို မစ္စတာကင်၏ အထင်ကရစီမံကိန်းကြီးများမှာ သာမန်ကိုရီးယားပြည်သူ များအဖို့ လက်လှမ်းမမီနိုင် ဖြစ်နေသေးပြီး မြောက်ကိုရီးယားများစွာမှာ အစားအစာ၊ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ် ချို့တဲ့ပြတ် လပ်မှုဒဏ်ကို ခံစားနေကြရမြဲဖြစ်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly