ဖူးခက်အား ထိုင်းနိုင်ငံ၏ ပထမဆုံးစမတ်မြို့ကြီးအဖြစ်ပြောင်းလဲရန်စီစဉ်

ဖူးခက်အား ထိုင်းနိုင်ငံ၏ ပထမဆုံးစမတ်မြို့ကြီးအဖြစ်ပြောင်းလဲရန်စီစဉ်

ဖူးခက်၊ ဇန်နဝါရီ ၂၃ ။           ။ ဒစ်ဂျစ်တယ်ဆက်နွယ်ရင်းနှီးမြုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းနောက်ထပ်ဖွံ့ဖြိုးရေး အဆင့်မြင့်တင်မည့် စီမံကိန်းကြီးတစ်ခုတွင် ဖူးခက်အား တီထွင်ဆန်းသစ်မှုက မောင်းနှင်မည့် စမတ်မြို့ကြီးအဖြစ် ယခုနှစ်တွင် ပြောင်းလဲပစ်မည်ဟု သိရသည်။

ယင်းသို့စီစဉ်မှုမှာ အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေးပေါ်လစီ၏ အစိတ်အပိုင်းဖြစ်သည်ဟု ဆော့ဖ်ဝဲလုပ်ငန်းအဆင့်မြင့်တင်ရေးအေဂျင်စီ(Sipa)၏ အမျိုးသမီးဥက္ကဋ္ဌ ဂျီရာဝန်ဘွန်းပါးမ်က ပြောသည်။

ဖူးခက်တွင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံနှင့် အချက်အလက်စင်တာတစ်ခုတည်ဆောက်ရန် အစိုးရက Sipa သို့ ဘတ်သန်း ၁၀၀ချပေးထားသည်။

စီမံကိန်းကို အကောင်အထည်ဖော်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဋ္ဌာနက အေဂျင်စီကို တာဝန်ပေးထားသည်။ "ဖူးခက်ဟာ ထိုင်းနိုင်ငံရဲ့ ပထမဆုံးစမတ်မြို့ဖြစ်လာ မှာဖြစ်ပြီး ၂၀၁၇မှာတော့ ချင်းမိုင်ကို မှန်းထားပါတယ်"ဟု မစ္စဂျီရာဝန်က ပြောသည်။

ဖူးခက်စမတ်စီးတီးစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် တောင်ကိုရီးယား၏ သိပ္ပံ၊ အိုင်စီတီနှင့် အနာဂတ်စီမံကိန်းဝန်ကြီးဋ္ဌာနက အကူအညီပေးမည်ဖြစ်ပြီး ယင်းဝန်ကြီးဋ္ဌာနက တီထွင်ဆန်းသစ်မှုက မောင်းနှင်သည့် စမတ်မြို့ကြီးများ တည်ဆောက်မှုမှ အတွေ့အကြုံနှင့် အသိပညာများ မျှဝေပေးမည်ဟု သိရသည်။

လွန်ခဲ့သည့်နှစ် နိုဝင်ဘာက ဗီယက်နမ်တွင် ပြုလုပ်သော အာဆီယံ အိုင်စီတီဝန်ကြီးများ၏ အစည်းအဝေးတစ်ခုအပြီး တောင်ကိုရီးယားဝန်ကြီးဋ္ဌာနှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေါ်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly