ဗီယက်နမ်က နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှု အဆောတလျင်လိုအပ်

ဗီယက်နမ်က နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲမှု အဆောတလျင်လိုအပ်

ဟနွိုင်း၊ ဇန်နဝါရီ ၂၃ ။               ။ ဗီယက်နမ်နိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် လွတ်လပ်မှု၊ အာဏာရပါတီအပေါ် ပြည်သူတို့၏ ယုံစားမှုပြန်လည်ရရှိရေး ပြည်သူ့ပိုင် လုပ်ငန်းများ မြှင့်တင်ပေးရေး စသည်တို့အတွက် နိုင်ငံရေးစနစ်ကို အဆောတလျင်ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု ဝန်ကြီးက ဇန်နဝါရီ ၂၂ ရက်က  ပြောသည်။

ဗဟိုစီမံမှုကနေ ဈေးကွက်စီးပွားရေးသို့ ဖော်ဆောင်ရာတွင် ပြီးခဲ့သည့်သုံးနှစ်အတွင်း ထင်သာမြင်သာပြောင်းလဲမှုများရှိခဲ့သော်လည်း ဗီယက်နမ်အနေဖြင့် ထိရောက်သည့်ခေါင်းဆောင်မှုနှင့် ပါတီတစ်ရပ်ရှိပြီး ပုဂ္ဂလိကကုမ္ပဏီများကို အကျိုးထိရောက်စွာ ထောက်ပံ့မှုများ ပေးသွားရန် လိုအပ်ကြောင်း ဝန်ကြီး ကွင်ဗင်းက ပြောသည်။

"ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ နိုင်ငံရဲ့ စီးပွားရေးအင်စတီကျုတွေကို ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်နိုင်ခဲ့ပြီး ပွင့်လန်းလာမှုနှင့် အပေါင်းလက္ခဏများ ဆောင်ကြဉ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံရေးမှာ ပြုပြင်ပြောင်းလဲမှုကတော့ မရှိသလောက်ပါပဲ။"ဟု ဝန်ကြီးက ပြောသည်။

"ဒါက မရှိမဖြစ်လိုအပ်တာပါ။ လာမယ့် ပြုပြင်ပြောင်းလဲရေးဖော်ဆောင်မှုတွေမှာ အရေးကြီးတဲ့ အခန်းကဏ္ဍလည်းဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်မယ်ဆိုရင် ပါတီအနေနဲ့ ပြည်သူ့ ယုံကြည်မှုကို ပြန်ည် ရရှိလာမှာပဲဖြစ်ပါတယ်။"ဟု ၎င်းက ပြောခဲ့သည်။

ဝန်ကြီးကွင်ဗင်း၏ မှတ်ချက်စကားသည် ငါးနှစ်တာအတွင်း ဗီယက်နမ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု ၆ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မှု ဖော်ဆောင်နိုင်ချိန်တွင် ထွက်ပေါ်လာခြင်း လည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly