တရုတ်က တောင်တရုတ်ပင်လယ်တွင် မိမိကိုယ်ကို အထီးကျန်အောင် လုပ်ဆောင်နေကြောင်း ကန် ကာကွယ်ရေးဝန်ကြီးပြော

တရုတ်က တောင်တရုတ်ပင်လယ်တွင် မိမိကိုယ်ကို အထီးကျန်အောင် လုပ်ဆောင်နေကြောင်း ကန် ကာကွယ်ရေးဝန်ကြီးပြော

ဒါဗို့စ်၊ ဇန်နဝါရီ ၂၃ ။             ။ အမေရိကန်အစိုးရအနေဖြင့် တရုတ်နှင့် ပြဿနာဖြစ်ပွားရန် မလိုလားသော်လည်း တောင်တရုတ်ပင်လယ်ဒေသအတွင်းရှိ အခြားနိုင်ငံများက အမေရိကန်ထံမှ အကူအညီများ တောင်းခံစေရန် လုပ်ဆောင်ခြင်းဖြင့် တရုတ်အစိုးရက  မိမိကိုယ်ကို အထီးကျန်အောင် လုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အက်ရှ်တန်ကာတာက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

"အမေရိကန်နဲ့ တရုတ်အကြားမှ ပြဿနာကို ရှောင်ရှားလို့ မရနိုင်ဘူးလို့ ယုံကြည်နေသူတွေထဲမှ ကျွန်တော်မပါပါဘူး။ ပြဿနာဖြစ်လာလိမ့်မယ်လို့လည်း ထင်မထားပါဘူး။ ဘယ်သူက ဘယ်သူ့ဘက်ကို လိုက်ဖို့ ကျွန်တော်တို့ မတိုက်တွန်းပါဘူး။

ဒါပေမယ့် သူတို့တွေက ကျွန်တော်တို့ ဘက်ကိုပဲ ပိုရောက်လာကြတယ်။ ဒါဘာကြောင့်ဖြစ်တာလဲ။ ကျွန်တော်ထင်တာကတော့ တရုတ်အစိုးရအနေနဲ့ သူ့ကိုယ်သူ အထီးကျန်အောင် လုပ်ဆောင်နေတာပါ။ ဒီလိုဖြစ်ဖို့ ကျွန်တော်တို့ မလိုလားပါဘူး" ဟု ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗို့စ်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် အက်ရှ်တန်ကာတာက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly