စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ အရင်းအမြစ်ဗဟိုဋ္ဌာန စစ်တွေတွင်ဖွင့်လှစ်

စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ အရင်းအမြစ်ဗဟိုဋ္ဌာန စစ်တွေတွင်ဖွင့်လှစ်

ရန်ကုန်၊ဇန်နဝါရီ ၂၂ ။            ။ ရခိုင်ပြည်နယ်သာမက နိုင်ငံတစ်ဝှမ်းလုံးရှိ စားနပ်ရိက္ခာ မဖူလုံမှုကျယ်ပြန့်မှုပမာဏနှင့်စပ်လျဉ်းပြီး အစိုးရနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းများ၏ သဘောပေါက် သိမြင်မှု ပိုကောင်းလာစေရေးအတွက် စားနပ်ရိက္ခာဖူလုံမှုဆိုင်ရာ အရင်းအမြစ်ဗဟိုဋ္ဌာနကို စစ်တွေတွင် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP)က သတင်းထုတ်ပြန်သည်။

နိုင်ငံအတွင်းရှိ ပြည်သူ့ဝန်ထမ်းများ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်း ဝန်ထမ်းများ အနေဖြင့် သတင်းအချက်အလက် စုဆောင်းသုံးသပ်ခြင်းအား လေ့လာနိုင်ရန်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးမှုနှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရာရေး အားထုတ်ရာတွင် ပံ့ပိုးနိုင်ရန်အတွက် လည်းကောင်း၊ WFP ၏ထောက်ပံ့မှုဖြင့် ယင်းဋ္ဌာနကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

စစ်တွေမြို့တွင်ယခုအသစ်ဖွင့်လှစ်လိုက်သော အရင်းအမြစ်ဗဟိုဋ္ဌာနမှာ မြန်မာနိုင်ငံတဝှမ်းလုံးရှိ ဋ္ဌာနစုစုပေါင်း ၉ ခု အနက်မှတခုဖြစ်ပြီး နေပြန်တော်ရှိ ဗဟိုသတင်းဋ္ဌာနနှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းတို့အနက်မှ အခြား ဋ္ဌာန ၇ ခု မှာ ချင်း၊ ကချင်၊ မကွေး၊ မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့၌ ဖွင့်လှစ်ထားရှိပြီး ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် သည်ဝန်ကြီးးဋ္ဌာနုနှင့်အတူ ၂၀၁၃ ခုနှစ်မှ စတင်ကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly