လာလီဂါအကြိုက်ဆုံးနှစ်ပွဲ(အက်သလက် - ဆီဗီလာ) (ဒီပို့တီဗို - ဗလင်စီယာ)

လာလီဂါအကြိုက်ဆုံးနှစ်ပွဲ(အက်သလက် - ဆီဗီလာ) (ဒီပို့တီဗို - ဗလင်စီယာ)

အက်သလက် - ဆီဗီလာ

(၂၄-၁-၂၀၁၆ တနင်္ဂနွေည ၀၉း၃၀)

ထိပ်တိုက်တွေ့ဆုံမှု

ဆီဗီလာ ဝ-၃ အက်သလက်

ဆီဗီလာ ဝ-၀ အက်သလက်

အက်သလက် ၄-၀ ဆီဗီလာ

အက်သလက်၏နောက်ဆုံးသုံးပွဲ

ဆယ်လ်တာဗီဂို --- အက်သလက်

လက်စ်ပါးမက်စ် ဝ-၃ အက်သလက်

အက်သလက် ၃-၀ ဗယ်လ်ကာနို

-အက်သလက်တို့ လာလီဂါနောက်ဆုံးလေးပွဲဆက်တိုက်နိုင်ထားပါတယ်။ တစ်ဂိုးမှ မပေးခဲ့ရဘဲ ရှစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

-လက်ရှိအသင်းမှာ ကွင်းလယ်လူ တီယာဂိုတစ်ဦးသာ ဒဏ်ရာပြဿနာရှိနေပြီး ကျန်ကစားသမားအားလုံး ကြံ့ခိုင်မှု ပြည့်နေပါတယ်။

-ပွဲ ၂၀ ကစားပြီးချိန်မှာ ရမှတ် ၄၇ မှတ်ရထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ အိမ်ကွင်း ကိုးပွဲကစားခဲ့ရာမှာ ခုနှစ်ပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးခဲ့ပါတယ်။ ဘာကာနဲ့ ရီးယဲလ်တို့ပြီးရင် အိမ်ကွင်းခြေစွမ်းအကောင်းဆုံးအသင်းပါပဲ

ဆီဗီလာ၏နောက်ဆုံးသုံးပွဲ

ဆီဗီလာ ၂-၁ မီရန်ဒက်စ်

ဆီဗီလာ ၄-၀ ဘက်တစ်

ဆီဗီလာ ၂-၀ ဘီလ်ဘာအို

-ဆီဗီလာတို့ဟာ လာလီဂါနောက်ဆုံးငါးပွဲမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးခဲ့ပါတယ်။ ပွဲ ၂၀ ကစားပြီးချိန်မှာ ရမှတ် ၃၂ မှတ်ရထားပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေတာပါ။

-အိမ်ကွင်းကောင်းပေမယ့် အဝေးကွင်းခြေစွမ်းဆိုးပါတယ်။ လာလီဂါအဝေးကွင်း ကိုးပွဲကစားထားရာမှာ နိုင်ပွဲမရှိဘဲ ငါးပွဲသရေကျကာ လေးပွဲရှုံးထားပါတယ်။ ဂိုးကလည်း ငါးဂိုးပဲသွင်းနိုင်ပြီး ၁၁ ဂိုးပြန်ပေးခဲ့ရပါတယ်။

-နောက်ခံလူတွေဖြစ်တဲ့ ပါရီဂျာနဲ့ အန်ဒရီယိုလီတို့ ဒဏ်ရာရနေကြပါတယ်။

သုံးသပ်ချက်

ဒီပွဲမှာ အက်သလက်က တစ်ဂိုးနဲ့နိုင်ရင် ၃၀ ပဲရပါမယ်။ ဂိုးပေါင်းကတော့ ၂ ဂိုးကို ၃၀ အရှုံးပါ။ အက်သလက်နဲ့ ဆီဗီလာဆိုတာ တကယ်တော့ အဆင့်အတန်းချင်းမကွာလှပါဘူး။ ဒါပေမဲ့ လက်ရှိမှာ ဆီဗီလာက အဝေးကွင်းခြေစွမ်းဆိုးလွန်းနေလို့ ဒီကြေးထွက်လာတာပါ။

စုစုပေါင်း ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်သူမှ အသာမရပေမယ့် အက်သလက်ကွင်းနောက်ဆုံး ၂၁ ပွဲမှာတော့ ဆီဗီလာတို့ ငါးပွဲနိုင်၊ ခြောက်ပွဲသရေကျပြီး ၁၀ ပွဲရှုံးခဲ့ပါတယ်။ နောက်ဆုံးငါးကြိမ်တွေ့ဆုံမှုမှာလည်း ဆီဗီလာတို့ နိုင်ပွဲမရှိပါဘူး။ အက်သလက်က သုံးပွဲနိုင်ပြီး နှစ်ပွဲသရေကျခဲ့ပါတယ်။

လက်ရှိမှာ အက်သလက်တို့ဟာ အမှတ်ပေးဇယားကို ဦးဆောင်နေလို့ အိမ်ကွင်းမှာ အမှားခံမှာ မဟုတ်ပါဘူး။ အက်သလက်ရဲ့ ခံစစ်က မာကျောလွန်းတာကြောင့် ဒီပွဲမှာ အဝေးကွင်းညံ့တဲ့ ဆီဗီလာတို့ သရေဆိုတာ အမြင့်ဆုံးမျှော်လင့်ချက်ပါပဲ။

အက်သလက်တို့ပဲ နိုင်ပါလိ့မ်မယ်။ ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမှာပါ။

Hyper Sports အကြိုက် - အက်သလက်

ဒီပို့တီဗို - ဗလင်စီယာ

(၂၄-၁-၂၀၁၆ တနင်္ဂနွေနေ့ည ၁၁း၄၅)

ထိပ်တိုက်တွေ့ဆုံမှု

ဗလင်စီယာ ၁-၁ ဒီပို့တီဗို

ဗလင်စီယာ ၂-၀ ဒီပို့တီဗို

ဒီပို့တီဗို ၃-၀ ဗလင်စီယာ

ဒီပို့တီဗို၏ နောက်ဆုံးသုံးပွဲ

ဆိုစီဒက် ၁-၁ ဒီပို့တီဗို

ဒီပို့တီဗို ဝ-၃ မီရန်ဒက်စ်

ရီးယဲလ် ၅-၀ ဒီပို့တီဗို

-ဒီပို့တီဗိုတို့ဟာ ခြေစွမ်းကျဆင်းနေပြီး နိုင်ပွဲပျောက်နေတာ ခြောက်ပွဲ ရှိပါပြီ။ အဲ့ဒီခြောက်ပွဲမှာ သုံးပွဲသရေ၊ သုံးပွဲရှုံးထားပြီး သုံးဂိုးသာသွင်းနိုင်ခဲ့ကာ ၁၂ ဂိုးပေးခဲ့ရပါတယ်။

-ပွဲ ၂၀ ကစားပြီးချိန်မှာ ရမှတ် ၂၈ မှတ်ရထားပြီး အဆင့် ၈ မှာရပ်တည်နေပါတယ်။ အိမ်ကွင်း ကိုးပွဲမှာ သုံးပွဲနိုင်၊ လေးပွဲသရေ၊ နှစ်ပွဲရှုံးထားပါတယ်။

-လက်ရှိအသင်းမှာ ကွင်းလယ်လူ ဘော်ဂက်စ်နဲ့ ဂိုးသမား ဖာဘရီစီယိုမာတင်တို့ ဒဏ်ရာရနေကြပါတယ်။

ဗလင်စီယာ၏နောက်ဆုံးသုံးပွဲ

ဗလင်စီယာ ၂-၂ ဗယ်လ်ကာနို

ဂရန်နာဒါ ဝ-၃ ဗလင်စီယာ

ဆိုစီဒက် ၂-၀ ဗလင်စီယာ

-နည်းပြ ဂယ်ရီနဗီးလ်ရဲ့လက်ထက်မှာ ဗလင်စီယာအသင်းက တည်ငြိမ်မှု မရှိသေးပါဘူး။ ကိုပါဒယ်ရေးမှာ နိုင်ပွဲအချို့ရခဲ့ပေမယ့် လာလီဂါမှာ နိုင်ပွဲ မရသေးပါဘူး။ ဆိုစီဒက်ကို ရှုံးပြီး၊ ဗယ်လ်ကာနိုနဲ့ သရေကျထားပါတယ်။

-၂၄ မှတ်နဲ့ အဆင့် ၁၁ ကိုရောက်နေလို့ ဗလင်စီယာတို့ ရုန်းကန်ဦးမှာပါ။ ဒါက ဗလင်စီယာရဲ့ အဆင့်အတန်းမဟုတ်ပါဘူး။

-ကွင်းလယ်လူ ဖီဂူလီ၊ နောက်ခံလူ ဂါယာ၊ ဂိုးသမား ဒီယေဂိုအဲလ်ဗက်စ်တို့ ဒဏ်ရာရနေကြပါတယ်။

သုံးသပ်ချက်

ဒီပွဲမှာ ဒီပို့ကတောင် ဗလင်စီယာကို ပြန်ပေးထားပါတယ်။ သရေဆို ဒီပို့ ပြားခြောက်ဆယ်ရှုံးမှာပါ။ ဂိုးပေါင်းကတော့ ၂ လုံး ၆၀ ရှုံးပါ။

ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ ဗလင်စီယာက အနည်းငယ်သာပေမယ့် ဒီပို့ကွင်း ၂၂ ကြိမ် တွေ့ဆုံခဲ့ရာမှာတော့ ဗလင်စီယာတို့ ၈ ပွဲနိုင်၊ ၄ ပွဲသရေကျပြီး ၁၀ ပွဲရှုံးခဲ့ပါတယ်။ ဒီပို့ကွင်းနောက်ဆုံးသုံးကြိမ်မှာတော့ ဗလင်စီယာက နှစ်ကြိမ် နိုင်ထားပါတယ်။

ဒီပို့က ရလဒ်တွေကျဆင်းနေလို့ အိမ်ကွင်းမှာ ပြန်ရုန်းမှာဖြစ်ပြီး ဗလင်စီယာက ဂယ်ရီနဗီးလ်လက်အောက်မှာ မတည်ငြိမ်သေးလို့ ဒီလိုကြေးမျိုးထွက်လာတာပါ။

ဒီပို့အိမ်ကွင်းကောင်းတာ မှန်ပေမယ့် ပွဲတိုင်းနိုင်နေတာ မဟုတ်ပါဘူး။ ပြီးတော့ လက်ရှိခြေစွမ်းက ကျနေပါတယ်။ ဗလင်ကလည်း လာလီဂါမှာ ရလဒ်ကောင်းဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ဒီပွဲမှာ ဗလင်စီယာကို အနည်းဆုံးသရေလောက်ပေးချင်ပါတယ်။

Hyper Sports အကြိုက် - ဗလင်စီယာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly