ပရီးမီးယားလိဂ်တွင် selfie အရိုက်ဆုံးအသင်းအဖြစ် အာဆင်နယ်အသင်းရပ်တည်

ပရီးမီးယားလိဂ်တွင် selfie အရိုက်ဆုံးအသင်းအဖြစ် အာဆင်နယ်အသင်းရပ်တည်

လန်ဒန်၊ ဇန်နဝါရီ ၂၂ ။          ။ ပရီးမီးယားလိဂ်တွင် selfie အရိုက်ဆုံးအသင်းမှာ အာဆင်နယ်အသင်းဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက စစ်တမ်းလုပ် ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသားများသည် ယခုနှစ်ရာသီတွင် selfie ပုံပေါင်း ၄၉၄ ပုံ ရိုက်ကူးဖော်ပြခဲ့ကြသည်။ အာဆင်နယ်အသင်းသားများ၏နောက်တွင် ချယ်လ်ဆီးအသင်းသားများက ၄၃၆ ပုံဖြင့် ဒုတိယ selfie အဆွဲဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

၎င်းတို့၏နောက်တွင် မန်ယူအသင်းသားများက ၃၇၆ ပုံဖြင့် တတိယ၊ မန်စီးတီးအသင်းသားများက ၃၆၇ ပုံဖြင့် စတုတ္ထ၊ လီဗာပူးလ်အသင်းသားများက ၃၃၈ ပုံဖြင့် ပဉ္စမနေရာတွင် ရပ်တည်နေကြသည်။

ပရီးမီးယားလိဂ်အသင်း ၂၀ တွင် ဝက်စ်ဘရွန်းအသင်းသားများက ၇၂ ပုံဖြင့် selfie ရိုက်ကူးမှု အနည်းဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

ကစားသမားများထဲတွင်မူ မန်စီးတီးကွင်းလယ်ကစားသမား ဖာနန်ဒင်ဟိုမှာ selfie ပုံပေါင်း ၁၇၀ ဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး ၎င်း၏နောက်တွင် အာဆင်နယ်ကစားသမား ဂျိုယေးကမ်းဘဲလ်က ၁၄၅ ပုံဖြင့် selfie အရိုက်ဆုံးကစားသမားများအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

မန်ယူကစားသမားဟောင်း ရွိုင်းကိန်းက အာဆင်နယ်ကစားသမားများသည် selfie ရိုက်ရန်သာ ပိုမိုစိတ်ဝင်စားကြကြောင်း ဝေဖန်ပြောကြားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly