လိပ်ကျွန်းလူသတ်မှု ဒီကလေးတွေ မကျုးလွန်ဘူးဆိုတာ အခိုင်အမာ ယုံတယ်

လိပ်ကျွန်းလူသတ်မှု ဒီကလေးတွေ မကျုးလွန်ဘူးဆိုတာ အခိုင်အမာ ယုံတယ်

ကျွန်တော် ဒီနေ့တွေ့ဆုံမေးမြန်းမယ့် သူကတော့ ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုအတွက် အဓိက ပါဝင်ကူညီပေးနေတဲ့ ကိုထူးချစ် ဖြစ်ပါတယ်။ ကိုထူးချစ်ဟာ ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေကိုလည်း အဓိက ကူညီပေးနေတာ ဖြစ်ပါတယ်။ ဒီကနေ့ လိပ်ကျွန်း လူသတ်မှုရဲ့ နောက်ဆုံး အခြေနေဘယ်လိုဖြစ်နေပြီလဲ ဒီထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အလုပ်သမားတွေရဲ့ လက်တွေ့ဘဝအခြေနေ ဘာတွေ ဖြစ်နေပြီလဲဆိုတာ မေးမြန်းသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကော ကမ္ဘာ့တစ်ချို့နိုင်ငံတွေကကော စိတ်ဝင်စားနေတဲ့ လိပ်ကျွန်း လူသတ်မှုပေါ့လေ စုံစမ်း စစ်ဆေးရေး အဖွဲ့မှာလည်း အစ်ကိုက ခေါင်းဆောင်အဖြစ် ပါဝင်နေတယ်ဆိုတော့ နောက်ဆုံး အခြေနေက အခု ဘာတွေ ဖြစ်နေပြီလဲ။

အခုသေဒဏ်ချတာက မြို့နယ် အဆင့်လောက်က တရားရုံးက သေဒဏ်ချလိုက်တာ ဆိုတော့ အခုလောလောဆယ် အနေနဲ့ နောက်ထပ် ကျွန်တော်တု့ိက ကလေးတွေ အတွက် ဥပဒေအရ အကာကွယ်ပေးဖို့က အနည်းဆုံး နှစ်ဆင့်ရှိသေးတယ်။ အယူခံ နှစ်ဆင့်ပေါ့။ ပထမတော့ ကျွန်တော်တို့ ဒီ ခရိုင်ကြီး အဆင့်ပေါ့။ အဲတာ ပြီးရင် ဗဟို တရာရုံးအဆင့်ပေါ့။ အခုလောလောဆယ် ပထမအဆင့် ဝင်ဖို့ကို အမှုစဖြစ်ကတည်းက ကူညီဆောင်ရွက် ပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီနဲ့ ကျွန်တော်တို့ ငြိနှိုင်းနေပါတယ်။ နည်းနည်းလေး ပိုပြီးတော့ ကောင်းတာက အခုပြီးခဲ့တဲ့ အပတ်က နိုင်ငံတော် သမ္မတကနေ ညွှန်ကြားချက်နဲ့ ကျွန်တော်တို့ နေပြည်တော်ကနေပြီးတော့ ဥပဒေ ပညာရှင်တွေပေါ့။ နောက်တစ်ခုက အယူခံနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်တဲ့ ရှေ့နေရယ်။ နောက်တစ်ခုက မျိုးရိုးဗီဇပေါ့ ဒီအမ်အေနဲ့ ကျွမ်းကျင်တဲ့ ရဲမှူးကြီးတစ်ယောက် လာပြီးတော့ ကျွန်တော်တို့နဲ့ ဆွေးနွေးတယ်။ ထိုင်းရှေ့နေများ ကောင်စီနဲ့ ဆွေးနွေးတယ်ပေါ့နော်။ ဒီအယူခံကိုလည်း သူတို့ဘက်က ဝိုင်းဝန်းပြီးတော့ စနစ်တကျဖြစ်အောင်တော့ သူတို့ ပြင်ဆင်နေပါတယ်။

 

ရှေ့လဆိုရင် အယူခံဝင်မယ်ပေါ့။ ဆိုတော့ အမူအလားလာက ဘယ်လိုဖြစ်လာနိုင်ခြေ ရှိလဲခင်ဗျ။

ကျွန်တော်တို့က ရက်(၃၀) အတွင်းမှာ အယူခံမဝင်ဘူး။ ကျွန်တော်တို့ ဒီထက်ပိုတောင်းရင် နောက်ထပ် တစ်လနီးပါးလောက် ရဖို့ရှိပါတယ်။ ရှိတော့ ကျွန်တော်တို့က ဖေဖော်ဝါရီလ နောက်ဆုံး အပတ်လောက်တော့ မတိုင်ခင်အထိတော့ အယူခံကို ကျွန်တော်တို့ တင်မှာပါ။ အယူခံတင်လို့ရှိရင်တော့ အခြား ထိုင်းလူမျိုးတွေကော ထိုင်းနိုင်ငံထဲမှာ တရားဥပဒေ ချိုးဖောက်တယ် ဆိုပြီးတော့ စွပ်စွဲခံထားရတဲ့ နိုင်ငံခြားတွေကောက ဒါ ပုံမှန်ပါပဲ။ အယူခံမှာ အများကြီး ပြစ်ဒဏ်လျော့ပေါ့တဲ့ အရာမျိုးတွေ အများကြီး ကြုံခဲ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ကလည်း မျှော်လင့်ထားတာတော့ အခုချမှတ်ထားတဲ့ သေဒဏ် မဟုတ်ပဲနဲ့ တစ်စုံတစ်ရာ သေဒဏ်ကနေလျော့မယ်။ ပြစ်ဒဏ်တွေကို တစ်ဖြေးဖြေးနဲ့ လျော့ချသွားမယ်လို့ ကျွန်တော်တို့ အခုထက်ထိ ယုံကြည်နေပါတယ်။

 

ဒီကလေးတွေကလည်း ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီးတော့ ယူဆချက်တွေ ထွက်တယ်။ ပြီးလို့ရှိရင် ဒီဘက်မှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ တစ်ပိုင်းကလည်း ရှိနေတယ်။ ဒါပေမယ့် ကိုထူးချစ် ပုဂ္ဂလိက အမြင်နဲ့ပြောမယ်ဆိုရင် ဘယ်လိုပြောနိုင်မလဲ။

အဓိကတော့ ကျွန်တော်ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် အဖွဲ့စည်းတွေနဲ့ကော ကျွန်တော်တို့ ကိုယ်တိုင်ကော ဘယ်အဖွဲ့စည်းမှ ဘယ်အစိုးရ အဖွဲ့စည်းမှ မလုပ်ခင် ကတည်းက ကျွန်တော်တို့က ဒီအမှုနဲ့ ပတ်သက်လို့ တစ်ချို့တော်တော်များများ သိထားတာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နဲ့လည်း အခုအခင်းဖြစ်တဲ့ လိပ်ကျွန်း ဆိုတာကတော့ ကျွန်တော်တို့နဲ့ သိပ်ဝေးတဲ့ နေရာမဟုတ်ဘူး။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ရွေ့ပြောင်းအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဌာနမှာဆိုရင် ကျွန်တော်တို့က ဒီအလုပ်သမားတွေနဲ့ အမြဲတမ်း ဆက်စပ်ပြီးတော့ ပညာပေးတာတွေ သူတို့နဲ့ ဆက်စပ်လုပ်နေတဲ့ အလုပ်ဆိုတော့ သူတို့ ဖြစ်တာနဲ့ ကျွန်တော်တို့ရဲ့ အဆက်သွယ်က ကျွန်တော်တို့ကို ဆက်သွယ်လာတာ ရှိတယ်။ ဆိုတော့ ပထမဦးဆုံး ကျွန်ပေါ်မှာ လူတွေတော်တော်များ လေးငါးခြောက်ဆယ် တစ်ရာပေါ့ ဗမာတွေ ဖမ်းတယ်။ ဖမ်းဆီးတယ်။ ဒီအန်အေ စစ်တယ်။ ဒါမျိုးတွေ လုပ်ကတည်းက ကျွန်တော်တို့က ပါဝင်ပတ်သက်ခဲ့တာပေါ့ ခင်ဗျာ။

နောက်ဆုံးတော့ ကျွန်တော် အခုထိ ယုံကြည်နေတာက ကျွန်တော်တို့ရဲ့ အတွေ့အကြုံ နောက်တစ်ခု ပိုအရေးကြီးတာက ကလေးတွေ ဝန်ခံတယ် ဆိုပြီးတဲ့ အချိန်မှာပဲ ထိုင်း ကျွန်တော်တို့ ပထမ  ကော့စမွေထောင်မှာ ထားတာပေါ့။ အဲထောင်မှာ သွားပြီးတော့ ကလေးတွေနဲ့ တွေ့တဲ့ အချိန်မှာ ကျွန်တော်တို့ သေချာ မေးပါတယ်။ ကလေးတွေ နဲ့ အနည်းဆုံး လေးခါလောက် တွေ့ခွင့်ရခဲ့ပါတယ်။ ဆိုတော့ ကျွန်တော့်အနေနဲ့ ယုံကြည်နေတာက ဒီကလေးတွေဟာ လူသတ်မှုနဲ့ ပတ်သက်လို့ လုံးဝ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ကျွန်တော့် အနေနဲ့ ယနေ့အချိန်ထိ ယုံကြည်နေတုန်း ဖြစ်တယ်။

 

ဒီဇင်ဘာ ၂၄ရက်နေ့မှာ ပြစ်ဒဏ် ချချပြီးချင်းပဲ ကိုထူးချစ် ပြောခဲ့ပါတယ်။ ဒါ မြန်မာအစိုးရကို တော်တော် ထိခိုက်စေတဲ့ ဆုံးဖြတ်ချက်လို့တောင် ကိုထူးချစ်ပြောခဲ့တာ ကျွန်တော်ကြားခဲ့ရပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီးလို့ ထိုင်းနိုင်ငံက ဆုံးဖြတ်ချက်ကို မြန်မာအစိုးကကော ပိုပြီးတော့ တွန်းအားမပေးသင့်ဘူးလား။

 

ကျွန်တော်တို့ရဲ့ နှစ်ပေါင်းများစွာပေါ့။ ရွေ့ပြောင်း အလုပ်သမား တွေရဲ့ အတွေ့အကြုံအရ ဒီအမှု မျိုးက ဒါပထမဆုံး မဟုတ်ပါဘူး။ ဒီအလားတူပေါ့နော်။ ကျွန်တော်တို့ လူမျိုးတွေ ကျွန်တော်တို့ နိုင်ငံသားတွေ မသတ်ပဲနဲ့ သတ်တယ်။ ကျွန်တော်တို့ မခိုးပဲနဲ့ ခိုးတယ်။ အပြစ်မရှိဘဲနဲပ အပြစ်ရှာ ဖမ်းဆီးမှုတွေ အပြစ်ရှာမှုတွေ သတ်ဖြတ်ခံရမှုတွေ ခဏခဏ ကြုံခဲ့ရတယ်။ အခုမှုနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ သေချာ ပြောနိုင်တာကတော့ မြန်မာအစိုးရအနေနဲ့ သူတို့  နိုင်တဲ့ဘက်က တက်တက်ကြွကြွ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တာတွေ ကျွန်တော်တို့ တွေ့ရတယ်။ နိုင်ငံတော် အစိုးရလို့ ပြောတဲ့နေရာမှာ နိုင်ငံတော် အစိုးရ တစ်ခုတည်း မဟုတ်ဘူးပေါ့။

 

အဓိကတော့ ပိုပြီးတော့ အားရစရာ ကောင်းတာကတော့ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်က ကျွန်တော်တို့ လူသိရှင်ကြား ပြောထားတာ ရှိတယ်။ အဲကော်မတီမှာ သုံးဖို့ တစ်စုံတစ်ရာ ငွေကြေးကအစ ထောက်ပံ့ကူညီတာ ရှိတယ်။ နောက် အမျိုးသား လွှတ်တော် အနေနဲ့  အမျိုးသား လွှတ်တော် ဦးခင်အောင်မြင့်တို့ ကိုယ်တိုင် လာတွေ့ပြီးတော့ အားပေးတာတို့ ကျန်တဲ့ ရန်ပုံငွေ ထည့်ဝင်တာတို့ ရှိပါတယ်။ ဒါပေမယ့်ဗျာ အတွေ့အကြုံအရ တစ်ချို့ဟာတွေ လုပ်နည်း လုပ်ဟန်အရ နည်းနည်း တော့ ဒီဘက် တွေးခေါ်တာနဲ့တော့ တစ်ခြားစီပေါ့။ အစိုးရအဟုတ်တဲ့ အဖွဲ့စည်းတွေနဲ့တော့ နည်းနည်းတော့ ကွာနိုင်တာပေါ့။ ဆိုလိုချင်တာကတော့ ဒီအမှုမှာတော့ လက်ရှိ မြန်မာအစိုးရကော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကကော စိတ်ဝင်တစား တက်တက်ကြွကြွ လုပ်ခဲ့တယ်ဆိုတာတော့ ကျွန်တော်တို့ ပြောလို့ ရပါတယ်။

 

စိတ်ဝင်စားစရာကောင်းတာ သေဆုံးသွားသူရဲ့ အစ်မပေါ့။ သူကနေပြီးတော့မှ ထိုင်းနိုင်ငံနဲ့ ပတ်သက်ပြီးတော့မှ ဒီထိုင်းရဲတွေကနေ လုပ်ဆောင်ချက်တွေ နောက်တစ်ခုက ထိုင်းနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူရဲ့ ထင်မြင်ယူဆချက်တွေ နောက်တစ်ခုက ဒီအမှုနဲ့ ပတ်သက်ပြီးတော့ တစ်စွန်းတစ်စ ရေးထားတာတွေကို ကျွန်တော်တို့ တွေ့ရတဲ့ အခါမှာ ကမ္ဘာ့ မီဒီယာတွေကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော် ကျယ်ကျယ်ပြန့်ပြန့်လေး ရေးတဲ့ အခါမှာ သူရဲ့ ရေးသားချက်တွေက ဒီအဖြစ်မှန်နဲ့ ဘယ်လောက်ထိ နီးစပ်မှု ရှိလဲ ဒါမှမဟုတ် တော်တော်များ ကွဲလွဲနေလာ ကိုထူးချစ် ဘယ်လို ယူဆလဲ။

အဲဒီကျွန်းထဲမှာ ရှိတဲ့ အခြား မြန်မာလူမျိုး ထိုင်းလူမျိုးမဟုတ်တဲ့ နိုင်ငံခြားသားတွေကော ကျွန်တော်တို့နဲ့ ပုံမှန် ကျွန်တော်တို့ကို သတင်း အချက်လက်တွေ မျှဝေတာ ရှိတယ်။ ကျွန်တော်တို့နဲ့ ဆက်သွယ်ပြီးတော့ ကျွန်တော်တို့ကို အကြံပေး ဆွေးနွေးတာတွေ ရှိတယ်။ ဆိုတော့ အခုနက ပြောတဲ့ သေးဆုံးသွားတဲ့ သူရဲ့ အစ်မ ရေးထားတာတွေက ကျွန်တော်တို့ သိထားတာတွေနဲ့ သိပ် မကွဲလွဲပါဘူး။ ကျွန်တော်တစ်ယောက်တည်း အမြင်နဲ့ ပြောရင်တော့ သူအမှန်တရားကိုပဲ ဖော်ထုတ်နေတယ်။ ရေးနေတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။

လေ့လာကြည့်တဲ့ အခါမှာ ထိုင်းရဲတွေကနေပြီးတော့ ဒီအမျိုးသမီးကို အရေးယူမယ် ဆိုပြီးတော့ ပြောတာရှိတယ်။ ပြီးလို့ရှိရင် ဒီအမျိုးသမီးရဲ့ ဖေ့ဘုတ်တောင် ဖွင့်လို့ မရတော့ဘူး လို့ ပြောတဲ့ အခါကျတော့ ဒီအနေထားတွေက ဘာကြောင့် ဖြစ်လာတာလဲ။

ဒီလိုပါပဲ ထိုင်းမှာကတော့ အဓိကပေါ့နော်။ သူတို့ရဲ့တရာရေး မာန်တိုင်ကို ထိခိုက် မယ့်စကားမျိုးပေါ့။ နောက်တစ်ခုက ထိုင်း ဘုရင်မင်းမြတ်ကို အကြည်ညို ပျက်စေမယ့် စကားမျိုးပြောရင်တော့ နောက် ဥပဒေအရလည်း ရှိပါတယ်။ နောက်တစ်ခု သူတို့ နိုင်သလောက် တရာစွဲဆိုမှုတွေ လုပ်မယ်ဆိုပြီးတော့ ကျွန်တော်တို့ ကြားတယ်။ ဆိုတော့ ကျွန်တော်ထင်တာကတော့ ဘယ်လိုပြောမလဲ သူရဲ့ အမျိုး တစ်ယောက်ပေါ့နော်။ သေဆုံးလို့ မို့လို့ ဒါမိသားစုဝင် တစ်ယောက်က တကယ့်ကို ခံစားချက်လည်း ပါပုံရတယ်ပေါ့နော်။ ရေးတဲ့ အမှန်တရားပဲလို့ ကျွန်တော်တို့ မြင်တယ်။ အဲဒီအပေါ်မှာတော့ ထိုင်းရဲ့ အခုနပြောသလို တရားရေးကို ထိခိုက်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ထိုင်းအစိုးရအနေနဲ့တော့ တကယ်လို့များ တရားစွဲဆိုဖို့ သူတို့ပြင်ဆင်နေတဲ့ အနေထားရှိတယ်လို့ ကျွန်တော်ကြားရတယ်။

ကလေးတွေနဲ့ သွားတွေ့တဲ့  အခါကျတော့ ဒီကလေးတွေက သူတို့ နေရထိုင်ရတာ အဆင်ပြေလား ဘယ်လိုတွေ့ခဲ့လဲ။

သွားတွေတဲ့ အချိန်မှာ ကလေးတွေက ထောင်အကြီးကြီးပေါ့ အဲမှာထောင်ကျတယ် အဲမှာလည်း အခြား ရာဇဝတ်ကြီး အမှု တွေရှိတော့ ကလေးတွေက ရောက်ခါစမှာ တအားစိုးရိမ်မှုတွေ ရှိတယ်ဆိုတာ ကျွန်တော်တို့ ကြားတယ်။ ရောက်တဲ့နေ့မှာပေါ့။ စိုးရိမ်မှုတွေ ရှိတယ်။ ဒါပေမယ့်လည်း သူတို့ အဲထောင်ရောက်တဲ့ အချိန်မှာ သူတို့ စိုးရိမ်မှုတွေဟာ တော်တော် ပပျောက်သွားတယ်လို့ ကျွန်တော် ပြောလို့ ရတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေက ကျွန်တော်တို့ကို ပြန်ပြောပြတာပေါ့။

ကျွန်တော်ရှေ့နေကိုပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ထောင်ထဲမှာ ရှိတဲ့ ထောင်သားကြီးတွေ အဓိကကတော့ သေဒဏ်ကျနေတဲ့ ထောင်သားတွေ နောက်တစ်ခုကလည်း အဲထောင်ထဲမှာ သေဒဏ်ကျနေတဲ့ ထောင်သား ၆၁ ယောက်ရှိတယ်။ သူတို့ကိုလည်း ညီလေးတို့ မင်းတို့ အားမငယ်နဲ့  ဒါမင်းတို့ ဘာမှ မဖြစ်ဘူး။ သေဒဏ်ဆိုပေမယ့် ငါတို့လည်း ဒီမှာ ကျနေတာပဲ။ မင်းတို့ အယူခံနဲ့ဆို မင်းတို့ ပြန်လွှတ်မှာပါ။ မင်းတို့ တကယ်သတ်တာမှ မဟုတ်တာ။ အားပေးစကားပြောတော့ ကလေးတွေက သူတို့ တော်တော်ဝမ်းသာတယ်။ သတင်းတွေလည်း ဖတ်ရတယ်နောက်ဒီသတင်းတွေလည်း ကြည့်ရတာပေါ့။ ထောင်ထဲမှာ ကျွန်တော်တို့ မြန်မာပြည် ထောင်တွေလို မဟုတ်ဘူးပေါ့။

ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကတော့ ဘာမှ မဖြစ်ပါဘူး။ နောက်တစ်ခုက သူတို့ ကိုယ်တိုင်ကလည်း သူတို့တကယ် မသတ်ခဲ့ဘူးဆိုတော့ သူတို့  အပြစ်ကတော့ တစ်ချိန်ချိန်မှာ လွတ်မယ်လို့ ယုံကြည်နေကြတယ်ပေါ့နော်။ သူတို့လည်း ဗုဒ္ဓဘာသာတွေဆိုတော့ သူတို့က ပြောတယ်။ ကျွန်တော်တို့လည်း တရားထိုင်နေပါတယ်။ မေတ္တာပို့နေပါတယ်။ အဲတာလေးတွေ ကျွန်တော့်ကို လှမ်း အကြောင်းကြားလိုက်တယ်။

ကလေးတွေက သူတို့ မသတ်ဘူးဆိုတော့ သူတို့ ယုံကြည်မှု တော်တော် ရှိနေတဲ့ သဘောပေါ့နော်။ အဲတာ့ ကျွန်တော်တို့ ဒီအမှုကို စစ်ကြည့်မယ်ဆိုရင် ဘယ်လောက် လောက်များ ကြာနိုင်သေးလဲ။

ရှေ့နေက ပြောတာတော့ အယူခံ ပထမတစ်ဆင့်မှာ နောက်ဆုံး အယူခံ နှစ်ဆင့်လုံးမှာ ဒီတစ်နှစ်ကနေ သုံးနှစ် ထိ ကြာနိုင်တယ်ပေ့ါ။ ဆိုလိုချင်တာက ပထမ အယူခံ တစ်နှစ်အတွင်း ပြီးသွားချင်လည်း ပြီးသွားမယ်။ နောက်အယူခံ တစ်နှစ်လည်း ထပ်ကြာချင် ကြာနိုင်တယ်။ အဲလိုပဲ ပြောလို့ရတယ်ဗျ အတိကျ ဆိုတော့ အနည်းဆုံး တစ်နှစ်ကနေ သုံးနှစ်ထိတော့ ကြာနိုင်မယ်ပေါ့လေ။

 

နောက်ဆုံးမေးခွန်းကတော့ ဒီ ကလေးတွေရဲ့ မိဘတွေ အဖေဆို တစ်ယောက်ဆို ဆုံးသွားပြီပေါ့နော်။ စိုးရိမ်နေကြတဲ့ ကလေးတွေရဲက မိဘတွေရယ် နောက် တစ်ချို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စိတ်ဝင်စားတဲ့ မြန်မာပြည်သားတွေကို ဘာများပြောချင်သေးလဲ။ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့

အဓိကကတော့ ကျွန်တော့်အနေနဲ့ အမြဲတမ်း ပြောပါတယ်။  ရွေ့ပြောင်း အလုပ်သမားတွေဟာ အဲလိုမျိုး မတရားခံရတာ ဒီအမှုတစ်ခုတည်း မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ ဆက်လိုက်နေတဲ့ ရနှောင်း အမှုတစ်ခုလည်း ရှိပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံသားတွေကော  အခြားအစိုးရမဟုတ်တဲ့ အဖွဲ့စည်းတွေ ကျွန်တော်တို့ ဘာသာရေး ခေါင်းဆောင်တွေ ရဟန်းသံဃာတော်တွေကို ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာက ဒီအမှုဟာ အမျိုးသားရေးကို အသွင်ဆောင်ပြီးတော့ အကြမ်းဖက်မှုတွေဆီ ဦးတည်ပြီးတော့ ဆန္ဒပြပွဲတွေနဲ့ တောင်းဆိုသင့်တဲ့ အမှု မဟုတ်ဘူး။ ကျွန်တော်တို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိုင်းလူမျိုးတွေက ကျွန်တော်တို့ကိုကူညီထားပြီးသား ဖြစ်နေတယ်။ အခုလည်း ထိုင်းလူမျိုးတွေက ကျွန်တော်တို့ကို သနားညှာတာတဲ့ စိတ် ရှိနေတယ်။ အဲလိုမျိုး စိတ်တွေကို ကျွန်တော်တို့ ပပျောက်သွားလို့ မရဘူး။ အဲလိုမျိုး  ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ အေးအေးချမ်းချမ်း ဆုတောင်းပွဲတွေ ကန့်ကွက်စာတွေ ပို့ပေးယုံလောက်နဲ့ပဲ ကျွန်တော်တို့ အများကြီး အထောက်ကူပြုပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် အကြမ်းဖက်မှုကို အသွင်ဆောင်မယ်။ အမျိုးသားရေးကို အသွင်ဆောင်မယ့် ဆန္ဒပြမှုတွေဆိုရင်တော့ ဒါပထမဦးဆုံး ဒုက္ခခံရမှာ လေးသန်းကျော်ရှိတဲ့ ထိုင်းနိုင်ငံက မြန်မာနိုင်ငံသားတွေ ဆိုတာကိုတော့ ကျွန်တော်တို့ လူမျိုးတွေ သိထားသင့်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly