ဒဏ်ငွေဆောင်ရန် သဘောတူခဲ့၍ ထောင်ဒဏ်ကို မာရှေယာနိုရှောင်လွှဲနိုင်ခဲ့

ဒဏ်ငွေဆောင်ရန် သဘောတူခဲ့၍ ထောင်ဒဏ်ကို မာရှေယာနိုရှောင်လွှဲနိုင်ခဲ့

ဇန်နဝါရီ ၂၂၊ ဘာစီလိုနာ ။              ။ အခွန်ရှောင်မှုနှင့်ပတ်သက်ပြီး ဒဏ်ငွေချမှတ်ခံရခြင်းကို ပေးချေမည်ဟု စပိန်အာဏာပိုင်များနှင့် သဘောတူညီမှုရခဲ့သည်ဟု ဘာစီလိုနာ နောက်ခံလူ မာရှေယာနိုက ကြေညာချက်ထုတ်လိုက်သည်။

အာဂျင်တီးနားလက်ရွေးစင်ကစားသမားသည် အခွန်ရှောင်ရန်ကြိုးပမ်းမှုဖြင့် စပိန်တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၁ နှင့် ၂၀၁၂ တွင်ရရှိခဲ့သော ဝင်ငွေ ယူရို ၁ ဒသမ ၅ သန်းကို ဖော်ပြရန်ပျက်ကွက်ခဲ့သည်။

ကြာသပတေးနေ့အစောပိုင်းတွင် မာရှေယာနိုသည် ထောင်တစ်နှစ်ကျခံရနိုင်သည့်အပြင် ဒဏ်ငွေလည်းပေးဆောင်ရနိုင်ကြောင်း စပိန်၌ သတင်းများထွက်ပေါ်ခဲ့သော်လည်း လီဗာပူးလ်ကစားသမား အနေဖြင့် ဒဏ်ငွေပေးဆောင်ရန် သဘောတူလိုက်ခြင်းကြောင့် ထောင်ကျမည့် အရေးကို ရှောင်လွှဲနိုင်လိုက်ခြင်းဖြစ်သည်။

၎င်းကို မလျော်ကန်သောအကြံဉာဏ်များပေးကာ ယင်းကဲ့သို့ဖြစ်အောင်လုပ်ခဲ့သည့် ကိုယ်စားလှယ်လုပ်ငန်းတစ်ခုကိုလည်း တရားစွဲဆို သွားဖွယ်ရှိသည် ဟု မာရှေယာနိုက ပြောသည်။

မာရှေယာနိုသည် ဘာစီလိုနာသို့ပြောင်းရွှေ့ပြီးနောက် အခွန်ကိစ္စများကိုဆောင်ရွက်ရန်အတွက် စပိန်လုပ်ငန်းစုတစ်ခုကို ငှားရမ်းခဲ့ခြင်းဖြစ် သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly