ပြီးခဲ့သည့်တစ်ပတ်တွင် ဂွာဒီယိုလာနှင့် တွေ့ဆုံခဲ့သည်ဆိုခြင်းကို မန်ယူငြင်းဆန်

ပြီးခဲ့သည့်တစ်ပတ်တွင် ဂွာဒီယိုလာနှင့် တွေ့ဆုံခဲ့သည်ဆိုခြင်းကို မန်ယူငြင်းဆန်

ဇန်နဝါရီ ၂၂၊ မန်ချက်စတာ ။           ။ မန်ယူအသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ပဲရစ်တွင် ဂွာဒီယိုလာနှင့်တွေ့ဆုံခဲ့ပြီး ယင်းဘာစီလိုနာနည်းပြဟောင်း ကိုခေါ်ယူချင်နေသည်ဟု ပြင်သစ်တွင်သတင်းများ ထွက်ပေါ်နေခြင်းကို မန်ယူအသင်းက ငြင်းဆန်လိုက်သည်။

အိုးထရက်ဖို့ဒ်ကလပ်သည် မြိုခံပြိုင်ဘက် မန်စီးတီးသို့ရောက်ရန် အခြေအနေကောင်းနေသည့် ဘိုင်ယန်မြူးနစ်လက်ရှိနည်းပြ ဂွာဒီယိုလာကို အပြိုင်အဆိုင်ခေါ်ယူလိုမှုကို လက်မလျှော့သေးဟု ပြင်သစ် ရုပ်သံသတင်းထောက် သီယာရီမာချန်းက ရုပ်သံအစီအစဉ်တစ်ခုတွင် ပြောဆိုခဲ့ ခြင်းဖြစ်သည်။

ပဲရစ်ရှိဟိုတယ်တစ်ခုတွင် မန်ယူအကြီးတန်း အရာရှိများနှင့် ဂွာဒီယိုလာတို့တွေ့ဆုံခဲ့သည်ဟု သီယာရီကဆိုသော်လည်း မဟုတ်မှန်ကြောင်း မန်ယူအသင်းက ငြင်းဆန်ခဲ့သည်။

ဗန်ဟားလ်သည် စာချုပ်သက်တမ်းပြည့်ရန် တစ်နှစ်အလို ယခုနှစ်ဘောလုံးရာသီကုန်တွင် မိသားစုများက အနားယူစေချင်သောကြောင့် မန်ယူ နည်းပြအလုပ်မှနုတ်ထွက်ဖွယ်ရှိသည်ဟု အင်္ဂလန်ထုတ် မယ်ရာသတင်းစာမှဖော်ပြမှုများရှိခဲ့ပြီး မော်ရင်ဟိုမှာ မန်ယူနည်းပြဖြစ်လာရန် ထိပ်ဆုံး မှ ဦးဆောင်နေဆဲဖြစ်သည်။

မန်ယူအသင်း၏ဂန္ထဝင်တစ်ဦးဖြစ်သော မက်ကွင်းက ၎င်းအနေဖြင့် အိုးထရက်ဖို့ဒ်တွင် ဂွာဒီယိုလာကိုတွေ့မြင်လိုကြောင်းနှင့် မန်ယူအသင်း အနေဖြင့် တစ်နှစ်ပေါင်သန်း ၂၀ ကုန်ကျမည် ဆိုလျှင်ပင် ခေါ်ယူသင့်ကြောင်း ပြောဆိုခဲ့သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly