ထိုင်းက ခွဲထွက်ရေးသမားများကို အိုင်အက်စ်တို့ လာရောက်သိမ်းသွင်းသည့် သတင်းထွက်ပေါ်

ထိုင်းက ခွဲထွက်ရေးသမားများကို အိုင်အက်စ်တို့ လာရောက်သိမ်းသွင်းသည့် သတင်းထွက်ပေါ်

ဘန်ကောက်၊ ဇန်နဝါရီ ၂၂ ။           ။ ပြီးခဲ့သည့်နှစ်နှောင်ပိုင်းခန့်က နာရာသီဝတ်ရှိ ဘာသာရေးခေါင်းဆောင်များနှင့် အိုင်အက်စ်က ဖြစ်ဖွယ်ရှိသူ လူသုံးဦးနှင့် တွေ့ဆုံခဲ့သည့် သတင်းများအပေါ် အာဏာပိုင်များအနေဖြင့် စုံစမ်းမှုများ ဆောင်ရွက်နေကြောင်း ထိုင်းဝန်ကြီးချုပ် ချန်အိုချာက ပြောသည်။

လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးသတင်းရင်းမြစ်များအရ ထိုသံသယရှိသူ သုံးဦးမှာ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံသားများဖြစ်ကြကြောင်း သိရသည်။ နာရာသီဝတ်ရှိ ဆန်ဂိုင်းကိုလော့ခရိုင်က ဗလီတစ်ခုတွင် ဘာသာရေးခေါင်းဆောင်များနှင့် ၎င်းတို့ တွေ့ဆုံခဲ့ကာ ငွေကြေးများ ထောက်ပံ့လှုဒါန်းပြီး ကျောင်းသားများကို အိုင်အက်စ်တို့အကြောင်း သင်ကြားပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ယင်းသတင်းက မှန်မမှန် အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု ချန်အိုချာက ဇန်နဝါရီ ၂၁ ရက်က ပြောသည်။

“အခြားနိုင်ငံများ သို့မဟုတ် ကမ္ဘာ့အသိုက်အဝန်းအပေါ် သက်ရောက်မှုရှိတဲ့ အကြောင်းချင်းရာ အရေးအရာကိစ္စမှန်သမျှကို ကျွန်တော်တို့က စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။”ဟု ဝန်ကြီးချုပ် ချန်အိုချာက ပြောသည်။

ထိုင်းနိုင်ငံအနေဖြင့် လုံခြုံရေးတပ်ဖွဲ့များ၏ စွမ်းဆောင်ရေးမြှင့်တင်ခြင်း၊ လုံခြုံရေးနည်းပညာသစ်များ ဝယ်ယူခြင်းနှင့် အခြားသောနိုင်ငံများနှင့် ထောက်လှမ်းရေးချိတ်ဆက်မှုများ မြှင့်တင်ခြင်းတို့အားဖြင့် လုံခြုံရေးလုပ်ငန်းစဉ်များကို အစိုးရက အစဉ်တစိုက် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

ပေါ်ထွက်နေသည့် အထက်ပါသတင်းနှင့် ပတ်သက်ပြီး နာရတ်သီဝတ်အထူးတပ်ရင်း ၃၆ ကို စုံစမ်းရေးလုပ်ငန်းအတွက် တာဝန်ပေးထားကြောင်း၊ အကြောင်းမှာ ယင်းကိစ္စသည့် ထိလွယ်ရှလွယ် သည့် ပြဿနာကိစ္စရပ်တစ်ခုဖြစ်ကြောင်း ဒေသတပ်ရင်းလေးမှ တပ်မှူး ဝီဝတ်ပတ်သွမ်ဖက်က ဇန်နဝါရီ ၂၁ ရက်က ပြောခဲ့သည်။

သို့သော် သံသယရှိသူ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံသား သုံးဦးတို့ကို ဖမ်းဆီးထားသည်ဟု ကောလဟလများကိုမူ ၎င်းက မဟုတ်ကြောင်း ငြင်းဆန်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly