ပွင့်ထွန်းစအာရှသည် ကြွေးမြီအဆင့်တွင် ဖိအားအောက် ကျရောက်နေဟုဆို

ပွင့်ထွန်းစအာရှသည် ကြွေးမြီအဆင့်တွင် ဖိအားအောက် ကျရောက်နေဟုဆို

ကွာလာလမ်ပူ၊ ဇွန်-၂၅ ။      ။ စံနှုန်းအဆင့်သတ်မှတ်သည့်အေဂျင်စီ Fitch Ratings ၏ ပြောကြားချက်အရ မလေးရှားနှင့်မွန်ဂို လီးယားတို့ ကြွေးအဆင့်သတ်မှတ်ချက်မှာ အနှုတ်လက္ခဏာဆောင်သည့် ကျဆင်းမှုနှင့်အတူ ပွင့်ထွန်းစ အာရှအစိုးရကြွေးမြီ အဆင့်သတ်မှတ်ချက်မှာ တိုးတက်မြင့်မားလာနေသော ဖိအားအောက်မှာ ကျရောက်နေသည်ဟု ဆိုသည်။

ဒီအေဂျင်စီက ‘၂၀၁၅ အာရှပစိဖိတ် အစိုးရကြွေးမြီသုံးသပ်ချက်’’ဟု အမည်ပေးထားသော ဇွန်၂၂ရက်နေ့ အစီရင်ခံစာအရ ပွင့်ထွန်းစ အာရှ၁၀နိုင်ငံ၏ အစိုးရကြွေးမြီများကို သုံးသပ်ရာမှာ မည်သည့်နိုင်ငံမျှ အပေါင်းလက္ခဏာ အလားအလာမရှိဟု ဆိုသည်။ ၂၀၁၃ခုနှစ် ဇူလိုင်လမှစလို့ ယခုအချိန်အထိ ကြွေးအဆင့်သတ်မှတ်ချက်မှာ A- အဆင့်မှာပင် မြဲနေသေးတာကြောင့် မလေးရှားကို အေဂျင်စီက အနှုတ်လက္ခဏာအလားအလာအဖြစ် သတ်မှတ်ထားသည်။  

‘ဒေသတစ်လွှားက အစိုးရကြွေးမြီတွေဟာ ဖွံ့ဖြိုးမှု၊ နိုင်ငံခြားအထောက်အပံ့နဲ့ ပုဂ္ဂလိကကဏ္ဍ ချိနဲ့နေမှုနဲ့ ၂၀၁၅ခုနှစ် နှောင်းပိုင်း မှာ အမေရိကန် အတိုးနှုန်းတွေ မြင့်မားလာမယ့် မျှော်လင့်ချက်တွေကလာတဲ့ ဖိအားတွေကို ရင်ဆိုင်ရတော့မှာပါ’လို့ အေဂျင်စီ ၏ ဝေဖန်သုံးသပ်သူများက ပြောကြားခဲ့သည်။  

ဇွန်လအစောပိုင်းက အေဂျင်စီ၏ ကိုယ်စားလှယ်များက ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိတွေနဲ့ တွေ့ဆုံစည်းဝေးအပြီးမှာ Fitchရဲ့ မလေးရှားနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ဈေးကွက်က ရက်သတ္တပတ်အတော်ကြာတဲ့အထိ စောင့်မျှော်လာနေခဲ့ကြသည်။

အစီရင်ခံစာမှာ အစည်းအဝေးက တွေ့ရှိချက်တွေ ပါမပါဆိုတာနဲ့ပတ်သက်ပြီး မလေးရှားရဲ့ ကြွေးအခြေအနေကို သုံးသပ်နေတဲ့ ဟောင်ကောင်အခြေစိုက် Fitch ဝေဖန်သုံးသပ်သူ ဆာဂရီကာ ချန်ဒရာကတော့ ချက်ချင်း တုန့်ပြန်ဖြေကြားခြင်းမရှိခဲ့ပေ။  ၂၀၁၄ခုနှစ် ဇူလိုင်လက အေဂျင်စီ၏ မလေးရှားအပေါ် သုံးသပ်ချက်အရ စီးပွားရေးမှာ အဆောက်အအုံပိုင်း အားနည်းနေသည်ဟု ကောက်ချက်ချခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly