စတူးရစ်ချ်၏ ဂိုးတစ်ဂိုးအတွက်လီဗာပူးလ် ပေါင် ငါးသိန်းကျော် ပေးနေရ

စတူးရစ်ချ်၏ ဂိုးတစ်ဂိုးအတွက်လီဗာပူးလ် ပေါင် ငါးသိန်းကျော် ပေးနေရ

ဇန်နဝါရီ ၂၁၊ လီဗာပူးလ်။           ။ စတူးရစ်ချ် ၏ ဒဏ်ရာပြဿနာများကြောင့် လီဗာပူးလ်အသင်းမှာ ၎င်းတိုက်စစ်မှူး၏ ဂိုးတစ်ဂိုးအတွက် ပေါင် ၅၄၂, ၀၀၀ ပေးချေရသကဲ့သို့ ဖြစ်နေသည်။

တစ်ပတ်ပေါင် တစ်သိန်းခွဲရနေသော တိုက်စစ်မှူးသည် အန်ဖီးလ်တွင်သုံးနှစ်တာကာလအတွင်း ၄၄ ဂိုးသွင်းယူထားသည်။ သို့သော် ယခုနှစ် ရာသီတွင် ဒဏ်ရာများကြောင့် ခြောက်ပွဲသာကစားနိုင်ပြီး လေးဂိုးသွင်းယူထားသည်။

နည်းပြဂျာဂင်ကလော့ပ်အနေဖြင့် စတူးရစ်ချ်ကိုရောင်းချချင်နေသည်ဟု သတင်းများထွက်ပေါ်နေပြီး ဝက်စ်ဟမ်းအသင်းက ပေါင် ၁၈ သန်းဖြင့် ခေါ်ယူလိုနေသည်ဟု ယူဆရသည်။

စတာရစ်ချ်၏ဂိုးတစ်ဂိုးတန်ဖိုးမှာ အခြားပရီးမီးယားလိဂ်တိုက်စစ်မှူးများအချို့၏ သွင်းဂိုးတန်ဖိုးထက်လည်းများပြားနေသည်။ ပရီးမီးယားလိဂ် တွင် ဂိုးများသွင်းထားသော အာဆင်နယ်တိုက်စစ်မှူး ဂျရူး၏သွင်းဂိုးတစ်ဂိုးတန်ဖိုးမှာ ပေါင် ၃၁၈, ၀၀၀ ရှိပြီး မန်စီးတီးတိုက်စစ်မှူး အဂူရို၏ သွင်းဂိုး တစ်ဂိုးတန်ဖိုးမှာ ပေါင် ၄၂၉, ၀၀၀ ရှိသည်။

ဝိန်းရူနီ၏သွင်းဂိုးတစ်ဂိုးအတွက် မန်ယူအသင်းသည် ပေါင် ၇၃၃, ၀၀၀ ကုန်ကျသော်လည်း ယင်းတိုက်စစ်မှူးသည် အသင်းတွင် ၁၁ နှစ်တာ ကာလအတွင်းဂိုးပေါင်း ၂၄၀ သွင်းထားသဖြင့် ထိုက်တန်သည်ဟု အသင်းကိုခံစားရစေသည်။

စပါးအသင်းသည် တိုက်စစ်မှူး ဟယ်ရီကိန်း၏ဂိုးတစ်ဂိုးအတွက် ပေါင် ၂၃၄, ၀၀၀ ကုန်ကျနေရပြီး ယင်းပမာဏမှာ စာချုပ်သစ်ချုပ်လျှင်ဖြစ်စေ အသင်းပြောင်းလျှင်ဖြစ်စေ မြင့်မားလာဦးမည်ဖြစ်သည်။

လက်စတာအသင်းမှာမူ ဗာဒီ၏တစ်ဂိုးအတွက် ပေါင် ၁၈၆, ၀၀၀ ကုန်ကျနေသည်။ စတူးရစ်ချ်၏အခြေအနေကြောင့် လီဗာပူးလ်အသင်း အတွင်းနှင့်အပြင်တွင် ရိုက်ခတ်မှုများရှိနေပြီး ကစားသမားဟောင်းဟာမန်းက စတူးရစ်ချ်ကိုကာကွယ်နေမှုများဆက်မလုပ်တော့ရန် နည်းပြ ကလော့ပ်ကိုတိုက်တွန်းခဲ့ပြီး ဒဏ်ရာပြဿနာ အားလုံးမှာ ယင်းကစားသမား၏ ခါင်းထဲတွင်သာရှိနေ သည်ဟု ပြောဆိုထားသည်။

Ref; Independent

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly