ကျိန်စာတိုက်သည့် လက်ပံတောင်းတောင်ဒေသခံများ ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ခံရ

ကျိန်စာတိုက်သည့် လက်ပံတောင်းတောင်ဒေသခံများ ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ခံရ
ဓာတ်ပုံ-မာန်ဇာမြေမွန်

မုံရွာ၊ ဇန်နဝါရီ ၂၁ ။           ။ တစ်နှစ်စာသီးနှံလျော်ကြေးရရှိရန် အတွက် ဆန္ဒပြတောင်းဆိုခဲ့ရာ ထူးခြားမှုမရှိ၍ ဇန်နဝါရီ ၂၀ရက်နေ့က ဝမ်ပေါင်ကုမ္ပဏီကို ကျိန်စာတိုက်သည့်ပွဲပြုလုပ်ခဲ့သည့်အတွက် ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့် ခံခဲ့ရကြောင်း လက်ပံတောင်းတောင်ဒေသခံများထံမှ သိရသည်။

လျော်ကြေးမယူသည့် မြေများတွင် ခြံခတ်ခြင်းများပြုလုပ်ခဲ့သည့်အတွက် တစ်နှစ်စာသီးနှံလျှော်ကြေးရရှိရန် ပုသိမ် မုံရွာ လမ်းဆုံတွင် ဆန္ဒထုတ်ဖော်ခဲ့သည့် အတွက် ဇန်နဝါရီ ၁၆ ရက်နေ့က   ဒေသခံများအား ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် လှစ်ခဲ့ပြီး ၂၀ ရက်နေ့တွင် ထပ်မံအမှုဖွင့်ခံရခြင်းဖြစ်သည်။

"နေ့လည် ၂ နာရီလောက်မှာ မတရား အမှုဖွင့်ထားတဲ့သူတွေနဲ့ မြန်မာဝမ်ပေါင်ကုမ္မဏီကို ကျိန်စာတိုက် ခဲ့ကြတယ်။ ညနေမှာ လမ်းခွဲပြီး ပြန်ခဲ့ကြတယ်။"ဟု တုံကျေးရွာမှ မစန္ဒာက ပြောသည်။

သီးနှံလျှော်ကြေးရရှိရန်အတွက် ညှိနှိုင်းမှုပြုလုပ်ရန် ကုမ္ပဏီအသွား ပုသိမ်-မုံရွာလမ်းတွင် ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးမှုကို ခံခဲ့ရသည့်အတွက် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး၊ ဇန်နဝါရီ ၂၀ရက်နေ့ ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ခြင်းကြောင်း ပုဒ်မ-၁၈ဖြင့် နှစ်ကြိမ်တိုင် အမှုဖွင့်ခံထားရကြောင်း အမှုဖွင့်ခံထားရသူ ဒေါ်မာချိုက ပြောသည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ကြေးနီစီမံကိန်းဆက်လက်လုပ်ဆောင် ရန်အတွက် ခြံစည်းရိုးခတ်ရာသည်ကို ဒေသခံများက တာဆီးရာမှ လုံခြုံရေးများဖြင့် ပဋိပက္ခဖြစ်ပွားပြီး လက်ပံတောင်းတောင်ဒေသခံ မိုးကြိုးပြင်ရွာသူဒေါ်ခင်ဝင်းဦးခေါင်းတွင် သေနတ်ထိမှန် သေဆုံးခဲ့ပြီး တစ်နှစ်ကျော်ကြာသည်အထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly