ရခိုင်မြောက်ဦးဒေသ အမွေအနှစ်များ ထိန်းသိမ်းရန် ကျပ်သိန်း ၅၃၀၀ ကျော်ခွင့်ပြုထား

ရခိုင်မြောက်ဦးဒေသ အမွေအနှစ်များ ထိန်းသိမ်းရန် ကျပ်သိန်း ၅၃၀၀ ကျော်ခွင့်ပြုထား

ဇန်နဝါရီလ ၂၁ ရက် ။           ။ ရခိုင်ပြည်နယ် မြောက်ဦးဒေသ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်းရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေမှ ခွင့်ပြုထားသည့် ကျပ်သိန်း ၅၃၀၀ ကျော်ကို အသုံးပြုသွားမည်ဟု သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုသည့် ယင်းငွေများဖြင့် ပြုပြင်ထိန်းသိမ်းရေးအတွက် လုပ်ငန်း ၈ ခု ဆောင်ရွက်မည် ဟု မြဝတီနေ့စဉ်သတင်းက ဖော်ပြသည်။

သုတေသနပြတိုက်ပြောင်းရွှေ့ခြင်း၊ တည်ဆောက်ပြသခြင်း၊ နန်းတော်ကုန်းရှိ မဟာပညာကျော်လမ်းလွှဲဖောက်ခြင်း၊ နန်းသားကန်တူးဖော်ထိန်းသိမ်းခြင်း၊ ဘားဘူတောင်စေတီများ မြေထိန်း နံရံပြုပြင်ခြင်း၊ ကြောင်လည်ဒုံခံတပ်ပြုပြင်ခြင်း၊ မင်္ဂလာမာန်အောင် ကျောက်စီတံတိုင်းထိန်းသိမ်းခြင်း၊ ရှေးဟောင်းစေတီငါးဆူ ထိန်းသိမ်းခြင်း စသည်တို့ဖြစ်သည်။

မြောက်ဦးဒေသ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ်သိန်း ၆၃၀၀ ရရှိခဲ့သည်ဟုလည်း ဆိုသည်။

ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရန် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ရှေးမူမပျက်ထိန်းသိမ်းရန် လိုအပ်သည်ဟု စိုးရိမ်မှုများလည်းရှိနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly