လူပျိုဟု လိမ်လည်ပေါင်းသင်းသူကို တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်

လူပျိုဟု လိမ်လည်ပေါင်းသင်းသူကို တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်

မုံရွာ၊ ဇန်နဝါရီ ၂၀ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်တွင် လူပျိုဟုလိမ်လည်ပေါင်းသင်းသည်ဟု ဆိုကာ တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ထားမှု ယခုလ ၁၉ ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထီးချိုင့်မြို့နယ်၊ မအူကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးအား ကသာမြို့နယ်နေ အမျိုးသားတစ်ဦးမှ လူပျိုဟုဆိုကာ လိမ်လည်ပေါင်းသင်းခဲ့သည့်အတွက် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

ကသာမြို့နယ်၊ ရွှေဘုံသာရပ်ကွက်တွင် နေထိုင်သော သံချောင်း(ခ) တင့်ဝေ ဆိုသူသည် ဇန်နဝါရီလ ၁၅ရက်က စတင်ကာ အဆိုပါ အမျိုးသမီး နှင့် ပေါင်းသင်းခဲ့ခြင်းဖြစ်သည်။

ယင်းသို့ပေါင်းသင်းနေစဉ် သံချောင်း(ခ)တင့်ဝေမှာ တရားဝင်မယားကြီးရှိနေပြီး သားသမီး ၃ ဦးတို့ ရှိကြောင်း၊ သိရှိခဲ့ရသည့်အတွက် ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ထီးချိုင့်မြို့မ ရဲစခန်း(ပ)၂၀/၂၀၁၆၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၃ ဖြင့် ဇန်နဝါရီ ၁၉ ရက်က အမှုဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly