လူမှုမီဒီယာတွင် မလျော်မကန်အသုံးပြုသူများကို နှိမ်နှင်းရန် မလေးရှား အထူးကော်မတီဖွဲ့

လူမှုမီဒီယာတွင် မလျော်မကန်အသုံးပြုသူများကို နှိမ်နှင်းရန် မလေးရှား အထူးကော်မတီဖွဲ့

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၂၁ ။         ။ မလေးရှားနိုင်ငံတွင် လူမှုမီဒီယာများတွင် အလွဲသုံးစားလုပ်မှုများအား ကိုင်တွယ်ဖြေရှင်းရန် အထူးကော်မတီဖွဲ့ထားကာ ကျုးလွန်သူများကို ပြင်းပြင်းထန်ထန် အရေးယူသွားတော့မည်ဖြစ်သည်။

ဆက်သွယ်ရေးနှင့် မာတီမီဒီယာ ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မိုဆာလက် သဘာပတိအဖြစ်ဆောင်ရွက်ကာ အဆိုပါ အထူးကော်မတီ၏ ပထမဆုံးအစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်က ကျင်းပခဲ့သည်။

ဆိုင်ဘာဂျာယာတွင် ကျင်းပသည့် မလေးရှား လူမှုမီဒီယာသီတင်းပတ် ၂၀၁၆ အစည်းအဝေးတွင် ဝန်ကြီး မိုဆာလက်က အွန်လိုင်းအလွဲသုံးစားပြုမှုများကို ရဲဌာနက ဦးဆောင်ကာ စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

"လူမှုမီဒီယာအပေါ်မှာ အစိုးရအဖွဲ့အစည်းတွေပေါ် အမုန်းပွားအောင်လှုံ့ဆော်မှု၊ အစိုးရ အခြေအနေပျက်ယွင်းစေအောင် သွေးထိုးမှု၊ အသရေဖျက်မှုနဲ့ အလွဲသုံးစားမှုများ လုပ်ဆောင်နေသူတွေကို ပြင်းပြင်း ထန်ထန် အရေးယူသွားမှာဖြစ်ပါတယ်။"ဟု ဝန်ကြီး မိုဆာလက်က ပြောခဲ့သည်။

မလေးရှားနိုင်ငံက မီဒီယာစည်းကြပ်ရေးအဖွဲ့ဖြစ်သည့် မလေးရှား ဆက်သွယ်ရေးနှင့် မာတီမီဒီယာကော်မရှင်က စုံစမ်းစစ်ဆေးမှုများတွင် အကူအညီများ ပေးသွားမည်ဖြစ်ပြီး ရှေ့နေချုပ်ရုံးကလည်း ယင်းလုပ်ငန်းများအတွက် လက်ထောက်အစိုးရရှေ့နေတစ်ဦးကို သီးသန့်ခန့်အပ်ထားခဲ့သည်။

မလေးရှားအစိုးရနှင့် ရဲဌာနတို့က ယခင်ကတည်းက လူမှုမီဒီယာတွင် အနှောင့်အယှက်ပေးသော၊ အကြည်ညိုမဲ့စေသော ကွန်မန့်များရေးသားခြင်းအတွက် တာဝန်မဲ့သည့် လူမှုမီဒီယာသုံးစွဲသူများအဖြစ် အရေးယူခြင်းများ ရှိထားသည်။

ရဲထောက်လှမ်းရေးချုပ်ဖြစ်သူ ခါလစ်အဘူဘာကာသည် ကိုယ်တိုင်တွစ်တာအသုံးပြုကာ အဖျက်အမှောက် ရေးသားသူများကို အရေးယူရန် အမိန့်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly