အစွန်းရောက်လုပ်ရပ်များတွင် ပါ၀င်ရန် စီစဉ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို စင်ကာပူဖမ်းဆီးခဲ့

အစွန်းရောက်လုပ်ရပ်များတွင် ပါ၀င်ရန် စီစဉ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၇ ဦးကို စင်ကာပူဖမ်းဆီးခဲ့

စင်ကာပူ၊ ဇန်နဝါရီ ၂၀ ။              ။ ဘင်္ဂလားဒေ့ရှ်အပါအဝင် အခြားနိုင်ငံများရှိ အစွန်းရောက်လုပ်ရပ်များတွင် ပါဝင်ရန် စီစဉ်နေပြီး စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား ၂၇ ဦးကို စင်ကာပူပြည်တွင်းလုံခြုံရေးဋ္ဌာနက ဖမ်းဆီးလိုက်သည်။ စင်ကာပူတွင်မူ အကြမ်းဖက်မှုများပြုလုပ်ရန် စီစဉ်ထားခြင်းမရှိဟု အာဏာပိုင်များက ပြောသည်။

အဆိုပါ ၂၇ ဦးကို ၂၀၁၅ခုနှစ် နိုဝင်ဘာ ၁၆နှင့် ဒီဇင်ဘာ ၁ ကြားက ပြည်တွင်းလုံခြုံရေးအက်ဥပဒေအရ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၂၀တွင် ထုတ်ပြန်ခဲ့သည်။ တစ်ယောက်မှလွဲ၍ အားလုံးကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့လိုက်ပြီဖြစ်ပြီး နောက်ဆုံးတစ်ယောက်မှာမူ စင်ကာပူမှ တရားမဝင်ထွက်ခွာရန် ကြိုးစားမှုဖြင့် ထောင်ဒဏ်ကျခံပြီးမှ ပြန်ပို့ရန် စီစဉ်ထားသည်။

ဖမ်းဆီးခံရသူများအနက် ၂၆ ဦးမှာ အယ်လ်ခိုင်ဒါနှင့် အိုင်အက်စ်တို့ကဲ့သို့ လက်နက်ကိုင်ဂျီဟတ်သဘောတရားရေးကို ထောက်ခံသည့် ဘာသာရေးလေ့လာသည့်အုပ်စုတစ်ခုမှ အဖွဲ့ဝင်များဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဆိုသည်။

ကျန်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမှာ ယင်းအုပ်စုအဖွဲ့ဝင်မဟုတ်သော်လည်း အစွန်းရောက်ဖြစ်လာမည့် လုပ်ငန်းစဉ်ထဲတွင် ရှိနေသည်ကို တွေ့ရသည်ဆိုသည်။ ထို့အပြင် ၎င်းသည် အစွန်းရောက် ဘာသာရေးဆရာများကို ထောက်ခံသည့်အပြင် ဂျီဟတ်နှင့် ပတ်သက်သည့်အရာများပိုင်ဆိုင်နေသည်ကို တွေ့ခဲ့ရသည်ဟု ပြည်ထဲရေးဋ္ဌာနက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly