ပိတ်ဆို့မှုရုပ်သိမ်းခြင်းကြောင့် အီရန်က မကောင်းသည့်လုပ်ရပ်များလုပ်လာနိုင်ဟုု ဆော်ဒီသတိပေး

ပိတ်ဆို့မှုရုပ်သိမ်းခြင်းကြောင့် အီရန်က မကောင်းသည့်လုပ်ရပ်များလုပ်လာနိုင်ဟုု ဆော်ဒီသတိပေး

ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူကလီးယားသဘောတူညီချက်ရရှိခြင်း၏ အကျိုးဆက်အဖြစ် အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းနှင့်အတူ အီရန်က ယုတ်မာညစ်ပတ်သည့် လုပ်ရပ်များကို ထောက်ပံ့ရန် အပိုငွေကြေးများသုံးစွဲလျင် အန္တရာယ်ရှိသော ဖြစ်ရပ်တစ်ခုဖြစ်လာနိုင်သည်ဟု ဆော်ဒီအာရေးဘီးယား နိုင်ငံခြားရေးဝန်ကြီးအဒဲလ်အယ်လ်ဂျူဘေးယားက ဇန်နဝါရီ ၁၉ တွင် ရိုက်တာသို့ ပြောကြားခဲ့သည်။

နျူကလီးယားသဘောတူညီချက်ရှိသော်လည်း အီရန်က နျူဗုံးတစ်လုံးရရှိအောင် လုပ်ဆောင်နိုင်ခဲ့လျင် ဆော်ဒီကလည်း နျူဗုံးတစ်လုံးရရှိရေး ဆွေးနွေးခဲ့ဖူးပါသလားဟု သီးသန့်အင်တာဗျူးတစ်ခုတွင် မေးမြန်းသောအခါ ဆော်ဒီပြည်သူတွေကို ကာကွယ်ရန် လိုအပ်ချက်မှန်သမျှကို ဆော်ဒီက လုပ်ဆောင်သွားမည်ဟု ၎င်းကပြောသည်။ "လူကြားသူကြားထဲ ဒီလိုကိစ္စမျိုးတွေ ဆွေးနွေးမယ်လို့ ကျွန်တော်တို့ကို မျှော်လင့်နေတာ ကျိုးကြေားဆီလျော်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ နောက်ပြီး ဒီမေးခွန်းကို တစ်နည်းမဟုတ် တစ်နည်း ဖြေမှာပဲလို့ ကျနောက်ကို မျှော်လင့်တာကလည်း မသင့်တော်ဘူး"ဟု ၎င်းကပြောသည်။

ဆော်ဒီ၏ ဒေသတွင်း အခါးသီးဆုံးပြိုင်ဘက် အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများ ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ဂျူဘေယာက ပထမဆုံး တိုက်ရိုက်သုံးသပ်လိုက်ခြင်းဖြစ်သည်။ တင်းကျပ်သော စစ်ဆေးမှုများပါနေသရွေ့ အီရန်၏ နျူကလီးယားသဘောတူညီချက်ကို ဆော်ဒီက ယခင်က ကြိုဆိုခဲ့သည်။ သို့သော်လည်း သဘောတူညီချက်က ပိတ်ဆို့မှုများရုပ်သိမ်းပြီးနောက် အပိုငွေကြေးများကြောင့် အီရန်အနေဖြင့် ဒေသတွင်းရှိ ပြည်သူ့စစ်များနှင့် အခြားမဟာမိတ်များကို ထောက်ပံ့ရာတွင် ပိုမိုလုပ်ဆောင်လာနိုင်သဖြင့် ဆော်ဒီအရာရှိများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောလေ့ရှိသည်။ ထို့အပြင် အီရန်အပေါ်သံတမန်ရေးဖိအားပေးမှုလည်း လျော့ကျသွားခြင်းလည်း အပါအဝင်ဖြစ်သည်။

"ဒီငွေတွေ ဘယ်ကိုသွားလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဒီငွေတွေက အီရန်အစိုးရရဲ့မကောင်းတဲ့လုပ်ရပ်တွေဆီ ရောက်သွားရင် အပျက်သဘောဆောင်ပြီး နောက်ကိုပြန်ကန်ထွက်ပါလိမ့်မယ်။ တကယ်လို့ ဒီငွေတွေက အီရန်ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်းမြင့်မားဖို့ သုံးရင်တော့ ကြိုဆိုရမဲ့အရာ ဖြစ်မှာပါ"ဟု ဂျူဘေယာက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly