မြောက်ကိုရီးယားက ခေါင်းမကိုက်သည့် အရက် ထုတ်လုပ်

မြောက်ကိုရီးယားက ခေါင်းမကိုက်သည့် အရက် ထုတ်လုပ်

ပြုံယမ်း၊ ဇန်နဝါရီ ၂၀ ။            ။ မြောက်ကိုရီးယား သိပ္ပံပညာရှင်များက ခေါင်းကိုက်ခြင်းမရှိသည့် အရက်ကို တီထွင်ကာ ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း ပြုံယမ်းတိုင်းမ်စ်သတင်းတွင် ဖော်ပြသည်။

အယ်ကိုဟော ၃၀ မှ ၄၀ ရာခိုင်နှုန်းပါဝင်သော်လည်း တီထွင်ထားသည့်အရက် မနက်နှိုးထလာချိန် ခေါင်းခဲခေါင်းအုံဖြစ်ခြင်းမျိုး မရှိစေကြောင်း နိုင်ငံပိုင် ပြုံယမ်းတိုင်းမ်စ်သတင်းစာက ရေးသားသည်။

ကိုရီးယားဂျင်းဆင်းနှင့် အော်ဂဲနစ်ဖြင့်စိုက်ပျိုးသော ဆန်စေးတို့ဖြင့် ချက်လုပ်ထားသည့် အရက်ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။

အခြားအရက်များနှင့် ယှဉ်ကာ တင်ထားကြောင်းချလျှင် ယခုထုတ်လုပ်ထားသည့်အရက်ကို ပညာရှင်ပါရဂူများနှင့် ချစ်သူများက ရွေးချယ်ကြလိမ့်မည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ထိုအရက်ကို ထုတ်လုပ်နိုင်ရန်အတွက် Taedonggang Foodstuff Factory စက်ရုံမှ နှစ်များစွာ တီထွင်လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်းဆိုသည်။

“Koryo အရက်ကို ဆေးဝါးအာနိသင်ပြည့်ဝသည့် ခြောက်နှစ်သက်တမ်းရှိ Kaesong Koryo ဂျင်းဆင်းကထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ ဆန်းစေးဖြင့်ရောစပ်ကာ ထုတ်လုပ်ခြင်းဖြစ်၍ ခေါင်းအုံခေါင်းကိုက်ခြင်း မရှိခြင်းကြောင့် ပညာတတ်ပါရဂူများနှင့် ချစ်သူများ ပို၍ တန်ဖိုးထားကြကြောင်း” သတင်းစားဆောင်းပါတွင် ဖော်ပြပါရှိသည်။

ထိုပြင်လည်း ယခုအရက်အား ထုတ်လုပ်နိုင်ခြင်းသည် နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာမှတ်တိုင်တစ်ရပ်ဖြစ်ကြောင်းလည်း ဖြည့်စွက်ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly