ဂျီဟတ်ဒီ ဂျွန် သေဆုံးကြောင်း အိုင်အက်စ် အတည်ပြု

ဂျီဟတ်ဒီ ဂျွန် သေဆုံးကြောင်း အိုင်အက်စ် အတည်ပြု

လန်ဒန်၊ ဇန်နဝါရီ ၂၀ ။            ။ ဂျီဟတ်ဒီ ဂျွန်အဖြစ် အသိများသည့် ဗြိတိန်စစ်သွေးကြွဖြစ်သူ နိုဝင်ဘာလအတွင်းက ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးကြောင်း အိုင်အက်စ်တို့၏ ဝါဒဖြန့် မဂ္ဂဇင်းတွင် အတည်ပြုဖော်ပြသည်။

အမည်ရင်း မိုဟာမတ်အမ်ဝါဇီဖြစ်သည့် ဂျီဟတ်ဒီ ဂျွန်သေဆုံးကြောင်းကို အိုအက်စ်တို့၏ အွန်လိုင်းမဂ္ဂဇင်းဖြစ်သည့် Dabiq တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလအတွင်းက အမေရိကန်စစ်တပ်က အိုင်အက်စ်အမာခံ ရက်ကာမြို့တွင် ဂျီဟတ်ဒီ ဂျွန်အား သုတ်သင်လိုက်နိုင်ခြင်းမှာ ကျိန်းသေသလောက် ရှိ ပြောထားသည်။

ဂျွန်သည် ဗြိတိန်ကူညီပေးရေးဝန်ထမ်း ဒေးဗစ်ဟိန်းနှင့် တက္ကစီမောင်းသမား အလန်ဟန်နင်းတို့အပါအဝင် လူများစွာကို ခေါင်းဖြတ်သတ်သည့် အိုင်အက်စ်တို့၏ ဗီဒီယိုများတွင် ၎င်းက အဓိကခေါင်းဖြတ် သူဖြစ်သည်။

ယခုအိုင်အက်စ်မဂ္ဂဇင်းတွင် ကူဝိတ်ဖွား ဂျီဟတ်ဒီ ဂျွန်အား ဂုဏ်ပြုဖော်ပြထားပြီး နိုဝင်ဘာ ၁၂ ရက်က ရာကာမြို့တွင် ၎င်း၏ ကားအား ဒရုန်းပစ်မှတ်က လေကြောင်းမှ ပစ်ခတ်၍ ကားရောပျက်စီးကာ လူလည်း ရရစရာမရှိအောင် ဖြစ်ပြီး သေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မဂ္ဂဇင်းတွင် ဂျွန်၏ မျက်နှာဖုံးမဲ့ ပတိရုပ်သွင်များကို ဖော်ပြထားပြီး ဂုဏ်ပြုဖွယ်ညီအစ်ကိုတစ်ဦးဟုလည်း အမွှမ်းတင်ဖော်ပြထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly