ပြည်သူ့ငွေစာရင်းကော်မတီ အစိုးရ၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ၆လပတ် ဖွံ့ဖြိုးမှု အစီရင်ခံစာ တိုင်းလွှတ်တော်တင်

ပြည်သူ့ငွေစာရင်းကော်မတီ အစိုးရ၏ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ၆လပတ် ဖွံ့ဖြိုးမှု အစီရင်ခံစာ တိုင်းလွှတ်တော်တင်

ပုသိမ်၊ ဇန်နဝါရီ ၁၉ ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပညာရေးကဏ္ဍတွင် ၄၉၆ကျောင်းကို ဆောက်လုပ်ရေးကုမ္ပဏီ ၁၀၁ခုအား တင်ဒါစနစ်ဖြင့် တာဝန်ပေးထားခဲ့ကြောင်း ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ သမဝါယမ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကော်မတီက အစိုးရ၏ ၂၀၁၅ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ၆လစာ အစီရင်ခံစာကို ဧရာဝတီတိုင်းလွှတ်တော်သို့ ဇန်နဝါရီ ၁၉ရက်က တင်သွင်းခဲ့သည်။ 

"ပညာရေးကဏ္ဍတွင် အခြေခံပညာဦးစီးဌာနမှ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း ၄၉၆ကျောင်းကို ယခု ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးကုမ္ပဏီ ၁၀၁ခု သို့ တင်ဒါစနစ်ဖြင့် တာဝန်ပေးထားကြောင်း၊ ယင်းတို့၏ဆောက်လုပ်မှုအား ခွင့်ပြုရန်ပုံငွေဖြင့် အရည်အသွေးစံချိန် စံညွန်းပြည့်မီစေရေးအတွက် အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲရန် အကြံပြုကြောင်း" အား ကော်မတီမှ ဒေးဒရဲကိုယ်စားလှယ်ဦးသိန်းထွန်းမှ ဇန်နဝါရီလ၁၉ရက်က တိုင်းလွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့သည်။

တိုင်းဒေသကြီးအစိုးရ ၁.၄.၂၀၁၅မှ ၃၁.၉.၂၀၁၅အထိ ၆လပတ် ဖွံဖြိုးမှုအစီအရင်ခံစာတွင် ကော်မတီ တွေ့ရှိချက် ၂၀ခု၌ ကျန်းမာရေးကဏ္ဍအနေဖြင့် "ကုတင် ၅၀၀ဆေးရုံ ၁ ရုံ၊ ကုတင်၂၀၀ဆေးရုံ ၅ရုံ၊ ကုတင်၁၀၀ ဆေးရုံ ၂ရုံ၊ကုတင်၅၀ဆေးရုံ ၇ရုံ၊ ကုတင်၂၅ ဆေးရုံ ၁၁ရုံ၊ တိုက်နယ်ဆေးရုံ ၈၂ရုံ၊ ကျေးလက်ကျန်းမာရေးဌာန ၂၂၈ခု နှင့် ဌာနခွဲ ၁၁၈၉ခု ၊ ရောဂါတိုက်ဖျက်ရေးဌာနများ အပါအဝင် အခြားဌာန ၇၈ခုရှိကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားနိုင်မှုတွင် ၂၈၁ဦး လစ်လပ်မှုရှိကြောင်း" လွှတ်တော်သို့ လေ့လာတွေ့ရှိချက်အား တင်ပြခဲ့သည်။

သုံးသပ်ချက်၇ချက်တွင် "သဘာဝဘေးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားမှု တိုင်းဒေသကြီး အတွင်း သဘာဝဘေးဖြစ်ပေါ်သည့်နေရာ ၆၉ခု၊ အိမ်ထောင်စု ၁၂၂၆၈၁ သို့ ငွေနှင့် ပစ္စည်း ကျပ် ၁၀၆.၉၃၆သန်း ထောက်ပံပေးနိုင်ကြောင်း"အစီအရင်ခံစာတွင် ကော်မတီသုံးသပ်ချက်အား လွှတ်တော်သို့တင်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly